Home
မြန်မာသတင်း
မြို့သစ်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ
DVB
·
November 6, 2023
Myot Thit_06112023

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မကြီးကုန်းကြီးကျေးရွာမှာ နိုဝင်ဘာ ၅ ရက် နေ့လယ်က ကြံ့ခိုင်ရေးပါတီဝင် အမျိုးသားတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း သိရပါတယ်။

ကြံ့ခိုင်ရေးပါတီဝင်တဦးဖြစ်သူ ဇော်ဇော်ကို အမည်မသိ သေနတ်သမားက နေအိမ်ပေါ်တက်ရောက်ပြီး သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်ကြောင်း သိရပါတယ်။

ဒေသခံတဦးက “သေနတ်နဲ့ပစ်သတ်ခံရတဲ့ ဇော်ဇော်က ကြံ့ခိုင်ရေးမှာ ရပ်ကျေး စည်းရုံးရေးမှူး လုပ်ခဲ့တယ်။ အခု ခေတ်အခြေအနေမကောင်းတော့ ဗေဒင်ဆရာလုပ်ပြီး ဗေဒင်ဟောစားနေတယ်။ ဆိုင်ကယ်တစီးနဲ့ ဗေဒင်မေးမလို့ အိမ်ထဲဝင်ပြီး သေနတ်နဲ့ ပစ်သွားတာ။ ဘယ်အဖွဲ့ကပစ်လဲတော့ မသိဘူး” လို့ ပြောပါတယ်။

ဗေဒင်ဆရာတဦးဖြစ်သူ ကြံ့ခိုင်ရေးပါတီဝင် ဇော်ဇော်ကို အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့လို့ ဦးခေါင်းဒဏ်ရာနဲ့ အခင်းဖြစ်ရာ နေအိမ်ပေါ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024