ယူကရိန်းနိုင်ငံ အိုဒက်စ်ဆာမြို့ပေါ်မှာ နိုဝင်ဘာ ၅ ရက်က ရုရှားရဲ့ တိုက်ခိုက်မှုအတွင်း အရေးပါတဲ့ အနုပညာပြခန်းတခု ပျက်စီးကာ လူ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီမြို့မှာရှိတဲ့ အမျိုးသားအနုပညာပြတိုက်ရဲ့ အဆောက်အအုံနံရံတွေ ပျက်စီးသွားခဲ့တဲ့အပြင် ပြတင်းပေါက်တချို့နဲ့ မှန်တွေပါ ကျိုးပျက်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီပြတိုက်ဟာ အိုဒက်စ်ဆာမြို့ရဲ့ ရှေးအကျဆုံးသော စံအိမ်တွေထဲက တခုလည်းဖြစ်ပါတယ်။ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစောပိုင်းမှာ အထင်ရှားဆုံး ရုရှားနဲ့ ယူကရိန်း အနုပညာရှင်တချို့ရဲ့ ပန်းချီကားတွေ အပါအဝင် အနုပညာလက်ရာပေါင်း ၁၀၀၀၀ ကျော်ကို စစ်ပွဲမတိုင်ခင်ကတည်းက စုဆောင်း ပြသထားတာပါ။
ဒီတိုက်ခိုက်မှုကြောင့် ပြတိုက်အနီးက လမ်းပေါ်မှာလည်း မီတာများစွာ ကျယ်ပြန်တဲ့ အပေါက်ကြီးတခု ကျန်ရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်အတွင်း ဒဏ်ရာရရှိခဲ့သူ တဦးအပြင် မြို့အနှံ့အပြားမှာပါ နောက်ထပ် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့အာဏာပိုင်တွေရဲ့ အတည်ပြုချက်အရ သိရပါတယ်။ ဒီလူတွေအားလုံးကို ဆေးရုံတင်ထားပြီးဖြစ်တယ်လို့လည်း အာဏာပိုင်တွေက မှတ်ချက်ပေးပါတယ်။
Source/Photo-Reuters