Home
နိုင်ငံတကာ
အိန္ဒိယ လေထုညစ်ညမ်းမှုဆိုးရွား၊ တာ့ဂျ်မဟာ၌ မြူခိုးများ ဖုံးလွှမ်းနေ
DVB
·
November 6, 2023
India's iconic Taj Mahal veiled in thick smog amid

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ရာသီအလိုက် လေထုညစ်ညမ်းမှုကြောင့် နိုဝင်ဘာ ၅ ရက်၊ တနင်္ဂနွေနေ့အတွင်း အထင်ရှားဆုံး နေရာတွေထဲက တခုဖြစ်တဲ့ တာ့ဂျ်မဟာကို မြူခိုးတွေနဲ့ ဖုံးလွှမ်းနေပါတယ်။

ဒီအထိမ်းအမှတ် အဆောက်အအုံကို လာရောက်ကြည့်ရှုကြတဲ့ ခရီးသွားတွေက အံ့အားသင့်ရတဲ့အထိ လေထုအခြေအနေ ဆိုးရွားနေခဲ့တာလည်း ဖြစ်ပါတယ်။

ရာသီအလိုက် အပူချိန်လျော့ကျမှု၊ လေတိုက်ခတ်တာမျိုး မရှိမှုနဲ့ အနီးတဝိုက်လယ်မြေတွေမှာ တောင်ယာမီးရှို့မှုတွေကြောင့် လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေခဲ့တယ်ဆိုပြီး ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် လေထုအရည်အသွေး တိုးတက်လာမှုကိုလည်း မတွေ့ရသေးကြောင်း တာဝန်ရှိသူတွေက မှတ်ချက်ပေးပါတယ်။

တချို့ စောင့်ကြည့်ရေးစခန်းတွေမှာဆိုရင် လေထုအရည်အသွေးညွှန်းကိန်း (AQI) က ၄၀၀ ကျော်အထိ မြင့်တက်နေတာကြောင့် နယူးဒေလီမြို့တော်ရဲ့ နေထိုင်သူ သန်း ၂၀ ကို မျက်စိကျိန်းစပ်မှုတွေနဲ့ လည်ချောင်းယားယံမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

AQI ၀ မှ ၅၀ အထိကို အခြေအနေကောင်းမွန်တယ်လို့ သတ်မှတ်ထားတာဖြစ်ပြီး ၄၀၀ မှ ၅၀ဝ ကြားကတော့ ကျန်းမာသန်စွမ်းသူတွေကို ထိခိုက်စေနိုင်တဲ့အပြင် ရောဂါရှိသူတွေအတွက်ပါ အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024