ဥရောပထိပ်တန်းကလပ်တွေဟာ လီဗာကူဆင်ကြယ်ပွင့် ဖလော်ရီယန်ဝါ့ဇ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ချိတ်ဆက်နေကြပါတယ်။
အသက် ၂၀ ပဲရှိသေးတဲ့ ဂျာမနီလက်ရွေးစင် တိုက်စစ်ကစားသမားဟာ အခုနှစ်ရာသီ ၁၀ ပွဲ အပြီးမှာ ၃ ဂိုးသွင်း ၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။
ဝါ့ဇ်ကိုခေါ်ယူဖို့ လီဗာပူးအသင်း အပါအဝင် မန်စီးတီး၊ ဘိုင်ယန်မြူးနစ်နဲ့ ချဲလ်ဆီးအသင်းတွေကလည်း ခေါ်ယူလိုနေပြီး အပြိုင်အဆိုင် ကမ်းလှမ်းသွားဖို့ ရှိပါတယ်။
လီဗာပူးအသင်းဟာ ဆာလာကို လက်လွတ်ဆုံးရှုံးခံရမယ်ဆိုရင် ဝါ့ဇ်ကိုခေါ်ယူဖို့ အသင့်ရှိနေပြီး ထိပ်တန်းအသင်းတွေထက် လက်ဦးမှုရယူနိုင်ဖို့လည်း လိုအပ်တယ်လို့ Daily Star သတင်းမှာ ဖော်ပြပါတယ်။
ထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ်တိုက်စစ်ကစားသမားဖြစ်သူ ဝါ့ဇ်ကို လီဗာကူဆင်အသင်းက ပေါင်သန်း ၈၀ ဝန်းကျင် ဈေးနှုန်းသတ်မှတ်ထားပါတယ်။
Photo-Reuters