လီဗာပူးတောင်ပံတိုက်စစ်မှူး လူးဝစ်ဒီယက်ဇ်ဟာ ဖခင်ဖြစ်သူ ပြန်ပေးဆွဲခံရပြီးနောက်ပိုင်း အသင်းအတွက် ပထမဆုံးပွဲစဉ်မှာ ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ လူတန်တောင်းအသင်းနဲ့ ပွဲစဉ်မှာ အသင်းရဲ့လူစာရင်းမှာ ပါဝင်လာခဲ့တဲ့ ဒီယက်ဇ်ဟာ ပွဲချိန် ၈၃ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး ၉၅ မိနစ်မှာ ချေပဂိုး သွင်းပေးခဲ့တာပါ။
ဒီယက်ဇ်ရဲ့မိဘတွေဟာ ပြီးခဲ့တဲ့ ၂ ပတ်လောက်က ကိုလံဘီယာနိုင်ငံမှာ သေနတ်သမားရဲ့ ပြန်ပေးဆွဲခံခဲ့ရပြီး မိခင်ဖြစ်သူ ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ ဖခင်ဖြစ်သူကတော့ ဆက်လက် ပြန်ပေးဆွဲခံနေရဆဲ ဖြစ်ပါတယ်။
ဒီအခြေအနေကြောင့် လီဗာပူးအသင်းပွဲစဉ် ၂ ပွဲမှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့တဲ့ ဒီယက်ဇ်ဟာ လူတန်နဲ့ပွဲစဉ်မှာ ပထမဆုံးအကြိမ် ပြန်လည်ကစားခဲ့တာပါ။
လူတန်တောင်းကို တဂိုးအကွာနဲ့ ရှုံးနိမ့်နေတဲ့ လီဗာပူးအသင်းဟာ ဒီယက်ဇ်ရဲ့ ချေပဂိုးကြောင့် သရေတမှတ် ပြန်ရခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters