နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ ဒိုင်လူကြီးအဖွဲ့ကို ဝေဖန်ခဲ့တဲ့ နည်းပြ အာတေတာအပေါ် အားပေးထောက်ခံကြောင်း အာဆင်နယ်ဘက်က တရားဝင် ထုတ်ပြန်သွားခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ နယူးကာဆယ်အသင်းဘက်က တောင်ပံတိုက်စစ်ကစားသမား ဂေါ်ဒွန်ရဲ့ အနိုင်ဂိုးနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ဖြစ်ပေါ်ခဲ့တာပါ။
လက်ခံနိုင်စရာမရှိတဲ့ ဒိုင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ VAR အမှားအယွင်းတွေဟာ ပိုများလာခဲ့ကြောင်း၊ ဒိုင်အဖွဲ့အနေနဲ့ နယူးကာဆယ်ရဲ့ အနိုင်ဂိုးနဲ့ပတ်သက်ပြီး ရှင်းလင်း၊ သုံးသပ်ချက်နဲ့ တောင်းပန်စကားဆိုဖို့ လိုအပ်ကြောင်း အာဆင်နယ်အသင်းက တရားဝင် တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် အငြင်းပွားဖွယ်ရာ အနိုင်ဂိုးနဲ့ ပတ်သက်ပြီး ဒိုင်ချုပ် ဟောင်းဝါ့ဝက်ဘ်ရဲ့ အားစိုက်ထုတ်မှု အပေါ်မှာလည်း အားပေးထောက်ခံကြောင်း အာဆင်နယ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။
Photo-Reuters