ရုရှားနိုင်ငံရဲ့ နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော အသစ်တစင်းဟာ ဘူလာဗာ ပဲ့ထိန်းဒုံးကျည် ကို ပင်လယ်ဖြူအတွင်း အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၅ ရက်မှာ နိုင်ငံပိုင် သတင်း အေဂျင်စီတွေက ဖော်ပြထားပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အပေါ် ကိုးကားပြီး "တတိယ မြောက် အင်ပါရိတ်တာ အလက်ခ်ဆန်းဒါး အမည်ရ ဒုံးကျည်ပစ်လွှတ်နိုင်တဲ့ မဟာဗျူဟာမြောက် ရေငုပ်သင်္ဘောအသစ်ဟာ နိုင်ငံတော်အဆင့် စမ်းသပ်အစီအစဉ်မှာ နောက်ဆုံးအဆင့်ရဲ့ တစိတ်တပိုင်းအနေနဲ့ ပါဝင်ခဲ့တယ်" ဆိုပြီးသတင်းအေဂျင်စီတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီရေငုပ်သင်္ဘောဟာ ရေပြင်အခြေစိုက် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ဘူလာဗာကိုပါ ပင်လယ်ဖြူကနေ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
နျူလက်နက်စမ်းသပ်မှုတွေကို တားမြစ်ပိတ်ပင်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူစာချုပ်မှာရုရှားရဲ့ အတည်ပြုပါဝင်မှုကို ပြန်လည်ရုပ်သိမ်းဖို့နဲ့ ပတ်သက်ပြီး ဥပေဒတရပ်နဲ့ ပတ်သက်ပြီး သမ္မတ ပူတင်က နိုဝင်ဘာလ ၂ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဓိကကျတဲ့ လက်နက်ထိန်းချုပ်ရေး ကတိကဝတ်နဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက်မှု မြှင်တင့်ရေး အဖွဲ့ဘက်က ပူတင်ရဲ့ ခြေလှမ်းကို ပြစ်တင် ရှုတ်ချခဲ့ပါတယ်။
Source/Photo-Reuters