အာရှမှာ လိင်ခံယူချက် ကွဲပြားသူ LGBTQ တွေအပေါ် ဥပဒေပြုအမတ်တွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဆန့်ကျင်တာတွေ ရှိနေပေမယ့် ဟောင်ကောင် လိင်ခံယူချက် ကွဲပြားသူများ အားကစားပြိုင်ပွဲ (GGHK) ကို နိုဝင်ဘာလ ၄ ရက်က စပြီးကျင်းပခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားဆီကို GGHK၊ Gay Games အဖွဲ့ချုပ်နဲ့ ကမ္ဘာ တဝှမ်းက ကိုယ်စားလှယ်အဖွဲ့ တွေက ပါဝင်ချီတက်ခဲ့ပြီး တရုတ်အော်ပရာ အပါအဝင် ဖျော်ဖြေပွဲတွေနဲ့ စတင် တင်ဆက်ခဲ့ပါတယ်။
နိုင်ငံပေါင်း ၄၅ နိုင်ငံက ပါဝင်သူ ၂၃၀၀ ကျော်ဟာ နဂါးလှေပြိုင်ပွဲနဲ့ မာကျောက်ကစားပွဲ အပါအဝင် အားကစားနဲ့ ယဉ်ကျေးမှုပွဲတွေမှာ ပါဝင်ဖို့ မျှော်လင့်ထား ပါတယ်။
မက္ကဆီကိုနိုင်ငံ ဂွါဒါလာဂျာရာမြို့မှာ ဒီပွဲကို ပူးတွဲကျင်းပနေပါတယ်။
ဟောင်ကောင်မှာ လိင်စိတ်ခံယူမှုအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာကို တားမြစ်တဲ့ ဥပဒေမရှိတဲ့ အပြင် လိင်တူလက်ထပ်ခြင်းကို အသိအမှတ်မပြုပါဘူး။
အစိုးရက ဖွင့်ပွဲအခမ်းအနားဆီ တာဝန်ရှိသူတွေကို မလွှတ်ခဲ့တဲ့အပြင် အားကစားပွဲ တွေကို "တရားမျှတ၊ ဘေးကင်းပြီး စနစ်ကျတဲ့ နည်းလမ်း" နဲ့ ကျင်းပရမယ်လို့ စီစဉ်သူတွေကို သြဂုတ်လက သတိပေးခဲ့ပါတယ်။
Source/Photo-Reuters