ကမ္ဘောဒီးယားနိုင်ငံက အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၃ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အရှေ့တောင်အာရှသက်ငယ် ယူ-၁၅ နဲ့ ယူ-၁၇ ကြက်တောင်ချန်ပီယံရှစ် ပြိုင်ပွဲမှာ မြန်မာကြက်တောင်အသင်းက ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ၄ ခုနဲ့ ကြေးတံဆိပ် ၂ ခု ဆွတ်ခူး ခဲ့ပါတယ်။
မြန်မာကြက်တောင်အသင်းဟာ ကမ္ဘောဒီးယား၊ လာအို၊ ဘရူးနိုင်းနဲ့ အရှေ့တီမောနိုင်ငံတို့ကို ကျော် ဖြတ်ပြီး ဆုတံဆိပ်တွေ ဆွတ်ခူးခဲ့ပါတယ်။
အရှေ့တောင်အာရှယူ-၁၅ ကြက်တောင်ရိုက်ပွဲထဲမှာ တဦးချင်း အမျိုးသားပြိုင်ပွဲတွင် ညီဇေယျ၊ နှစ်ယောက်တွဲ အမျိုးသားပြိုင်ပွဲတွင် ညီဇေယျ၊ ရဲလင်းထက်တို့က ရွှေတံဆိပ်၊ အမျိုးသမီး တဦးချင်း ပြိင်ပွဲတွင် လင်းလင်းထက်က ရွှေတံဆိပ်ဆု၊ နှစ်ယောက်တွဲ အမျိုးသမီးပြိုင်ပွဲတွင် လင်းလင်းထက်၊ သဒ္ဒါထက်ကျော်၊ နှစ်ယောက်တွဲ အမျိူသား၊ အမျိုးသမီးပြိုင်တွင် ညီဇေယျ၊ လင်းလင်းထက်က ရွှေတံဆိပ်ဆုတို့ ရရှိခဲ့ပါတယ်။
အရှေ့တောင်အာရှ ယူ-၁၇ ကြက်တောင်ပြိုင်ပွဲများထဲမှ အမျိုးသား တဦးချင်းပြိုင်ပွဲတွင် ဉာဏ်ရှိန်လင်းက ပထမရွှေတံဆိပ်ဆု၊ နှစ်ယောက်တွဲ အမျိုးသားပြိုင်ပွဲတွင် ဉာဏ်ရှိန်လင်း၊ ဘုန်းထက်ကျော်တို့က ရွှေတံဆိပ်၊ အမျိုးသမီး တဦးချင်းပြိင်ပွဲတွင် အိမ့်ချစ်ဖူး ရွှေတံဆိပ်ဆု၊ နှစ်ယောက်တွဲ အမျိုးသမီးပြိုင်ပွဲတွင် အိမ့်ချစ်ဖူး၊ ယွန်းလဲ့အိမ်၊ နှစ်ယောက်တွဲအမျိူသား၊ အမျိုးသမီး ပြိုင်တွင် ဘုန်းထက်ကျော်၊ အိမ့်ချစ်ဖူးက ရွှေတံဆိပ်ဆုတို့ ရရှိခဲ့ပါတယ်။
အောင်မြင်မှုရခဲ့တဲ့မြန်မာသက်ငယ်ကြက်တောင်အဖွဲ့ဟာ ကမ္ဘောဒီးယားနိုင်ငံကနေ မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၄ ရက် ညနေပိုင်းမှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။