ဂါဇာမှာ အစ္စရေးရဲ့ စစ်ရေးထိုးစစ်တွေ ရပ်စဲသွားရင် ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့ နေရာပြန်ယူ၊ အင်အားပြန်စုစည်းခွင့် ပြုသလို ဖြစ်သွားပြီး အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုနဲ့ အလားတူ တိုက်ခိုက်တာတွေ ပြန်လုပ်ခွင့် ပြုလိုက်သလို ဖြစ်သွားလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က နိုဝင်ဘာ ၄ ရက်မှာ ပြောပါတယ်။
အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ အစ္စရေး နိုင်ငံသားပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး အစ္စရေးသမိုင်းမှာ အဆိုးရွားဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
ဘလင်ကန်ဟာ အမ်မန်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျော်ဒန်နဲ့အီဂျစ်နိုင်ငံခြားရေး ဝန်ကြီး တွေနဲ့အတူ တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့ ပါတယ်။
Source/Photo-Reuters