အာဆင်နယ်အသင်းဟာ စပိန်ကွင်းလယ်လူ ဘူးစကွက်စ်လက်သစ်လို့ နာမည်ကြီးနေတဲ့ ဘယ်လ်ဂျီယံ ကစားသမားကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
အာသာဗာမီယန်လို့ခေါ်တဲ့ ဘယ်လ်ဂျီယံကစားသမားဟာ အသက် ၁၈ နှစ်သာရှိသေးပြီး ရွိုင်ရယ် အန်တွမ့်အသင်းမှာ ပါဝင်ကစား နေတာပါ။
သူ့ကို ဘာစီလိုနာအသင်းကလည်း အာဆင်နယ်နဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူး ပါတယ်။ လက်ရှိ အခြေအနေအရတော့ အာဆင်နယ်က လက်ဦးမှု ရယူနိုင်ဖို့ နီးစပ်နေကြောင်း စပိန်သတင်းစာ Sport ကဖော်ပြပါတယ်။
အရပ် ၅ ပေ ၉ လက်မ အမြင့်ရှိ ဘယ်လ်ဂျီယံကြယ်ပွင့်ကစားသမားဟာ အခုနှစ် ဘယ်လ်ဂျီယံလိဂ်ပွဲစဉ် ၁၂ ပွဲအပြီးမှာ ၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ထားပါတယ်။ အာဆင်နယ်အနေနဲ့ ပေါင် ၁၃ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့လည်း သိရပါတယ်။
Photo-Reuters