အမေရိကန်ဒုသမ္မတ ကမ်မလာဟားရစ်ဟာ နည်းပညာနဲ့ပတ်သက်တဲ့ ဘေးကင်းရေးဆိုင်ရာ စိုးရိမ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဆောင်ရွက်ချက်အသစ်တွေ ဆက်တိုက်လုပ်နေချိန်မှာ ဉာဏ်ရည်တု (AI) ရဲ့ ခြိမ်းခြောက်မှုတွေကနေ လူတွေကာကွယ်ရေး အရေးပေါ်ဆောင်ရွက်ဖို့ နိုဝင်ဘာ ၁ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ မြို့တော် လန်ဒန်မှာပြောတဲ့ မိန့်ခွန်းအတွင်း ဟားရစ်က ကမ္ဘာကြီးဟာ ဆိုက်ဘာတိုက်ခိုက်မှု ဒါမှမဟုတ် ဇီဝလက်နက်တွေ၊ AI ရဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ ဘလက်ချ်လေမြို့မှာကျင်းပတဲ့ AI လုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ အဓိကပါဝင်သူဖြစ်ပြီး AI ဖွံ့ဖြိုးတိုးတက်ရေးမှာ နိုင်ငံရဲ့ အခန်းကဏ္ဍကို ပံ့ပိုးပေးထားပါတယ်။
ဒါပေမဲ့ နည်းပညာမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး တရုတ်၊ အမေရိကန်နဲ့ ဥရောပအစိုးရ အများအပြားတို့အကြား ယုံကြည်မှု နိမ့်ကျနေတဲ့အပေါ် ဗြိတိန် လွှတ်တော်အမတ်တချို့က မေးခွန်းထုတ်ခဲ့ပါတယ်။
တရုတ်နိုင်ငံပါဝင်ရေး ဗြိတိန်အစိုးရက တောင်းဆိုတာဖြစ်ပြီး AI အပေါ် အမေရိကန် အစိုးရရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး လန်ဒန်မှာ မိန့်ခွန်းပြောဖို့က ဟားရစ်ရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ထိပ်သီးစည်းဝေးပွဲအကြိုမှာ အမေရိကန်က ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ထိပ်သီးညီလာခံကို မတက်ခဲ့သူတွေနဲ့ ဆွေးနွေးပွဲတချို့ လုပ်ခဲ့လို့ အံ့ဩခဲ့ကြပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူးနတ်ခ်က အစည်းအဝေးမှာ တတ်နိုင်သမျှ အသံများများ လိုချင်တယ်လို့ ပြောခဲ့ပြီး ဒါဟာ AI နဲ့ပတ်သက်တဲ့ ပထမဆုံးသော ညီလာခံလို့ အလေးပေး ပြောကြားပါတယ်။
ဟားရစ်ဟာ ကြာသပတေးနေ့မှာ ထိပ်သီးအစည်းအဝေး ဒုတိယနေ့ကို တက်ရောက်ဖို့ မျှော်လင့်ထားပါတယ်။
Source/Photo-Reuters