အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ မင်နီဆိုးတာပြည်နယ် နော့သ်ဖီးလ်ဒေသက Dutch Creek မွေးမြူရေးစခန်းကို နိုဝင်ဘာ ၁ ရက်က သွားရောက်လည်ပတ်ခဲ့ပြီး အမေရိက ကျေးလက်ဒေသအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်အဖြစ် ဒေါ်လာ ၅ ဘီလီယံကျော် ပေးမယ်လို့ ကြေညာခဲ့ပါတယ်။
အမေရိကန် နိုင်ငံရေးပါတီ ၂ ရပ်စလုံးက ရှိပြီးသား ရန်ပုံငွေတွေကို ပြန်အစီအစဉ်ချပြီး အခြေခံအဆောက်အဦ ဥပဒေနဲ့အညီ ရေးဆွဲထားတဲ့ ဒေါ်လာ ၁ ထရီလီယံတန် ငွေကြေးဖောင်းပွမှုလျှော့ချရေး ဥပဒေကနေ ဒီစီမံကိန်းကို ရေးဆွဲတာလို့ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီငွေထဲမှာ ရာသီဥတုဒဏ်ခံနိုင်တဲ့ စိုက်ပျိုးရေး ကျင့်ထုံးတွေကို ပံ့ပိုးဖို့ ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ၊ ရေသန့်နဲ့ တခြား အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ၊ ပြည်နယ်ကိုးခုနဲ့ ပွါတိုရီကိုနိုင်ငံထဲက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေ အတွက် ဒေါ်လာ ၂ ဘီလီယံတို့ ပါပါတယ်။
စီးပွားရေးအမြတ်အစွန်းအတွက် နာမည်ကောင်းယူတာဟာ ဘိုင်ဒင်ရဲ့ ၂၀၂၄ ပြန်လည်ရွေးကောက်တင်မြှောက်ခံရရေးအတွက် အရေးကြီးပေမဲ့ ဆယ်စုနှစ်များစွာ ကုန်သွယ်ရေးစနစ် အခြေပြု ကမ္ဘာ့စီးပွားရေးဝါဒ၊ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေး ကျဆင်းမှုတို့ကြောင့် အလုပ်အကိုင်တွေ ဆုံးရှုံးပြီးနောက် ကျေးလက်မဲဆန္ဒရှင် အများစုဟာ စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။
Source/Photo-Reuters