ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးကနေ နုတ်ထွက်ရေးအတွက် တွန်းအားပေးတဲ့ သုံးရက်ကြာဆန္ဒပြမှု ပထမနေ့မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ကြား အောက်တိုဘာ ၃၁ ရက်က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့လို့ လူနှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၂၉ ရက်မှာ ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ ပါတီကို ထောက်ခံသူတွေနဲ့ ရဲတွေကြားက ပဋိပက္ခကို တုံ့ပြန်တဲ့အနေနဲ့ အဓိက အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီ (BNP) က လမ်းတွေကို သုံးရက်ကြာ ပိတ်ဆို့ထားဖို့ တောင်းဆိုခဲ့တာပါ။
ကြားနေ အိမ်စောင့်အစိုးရအောက်မှာ ဇန်နဝါရီလ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေကို ကျင်းပခွင့်ပြုဖို့နဲ့ ဟာစီနာ ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုနေကြပေမဲ့ အစိုးရက ပယ်ချခဲ့ပါတယ်။
ဟာဆီနာဟာ ၂၀၀၉ ခုနှစ်မှာ အာဏာရလာပြီး နှစ်ပေါင်းများစွာ ခိုင်မာတဲ့ စီးပွားရေးတိုးတက်မှုကို ကြီးကြပ်ခဲ့ပါတယ်။
ဒါပေမဲ့ အခွင့်အရေး ချိုးဖောက်တာတွေ၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို နှိမ်နင်းတာ၊ ဝေဖန်သူတွေကို ထောင်သွင်းအကျဉ်းချတာနဲ့ သဘောထားကွဲလွဲသူတွေကို နှိမ်နင်းတာတွေ လုပ်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
အစိုးရက စွပ်စွဲချက်တွေကို ငြင်းပေမဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုကို ခံနေရပါတယ်။
၂၀၁၄ နဲ့ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွေမှာ အမည်းစက်စွန်းထင်းခဲ့တဲ့ မဲမသမာမှုတွေနဲ့ အတိုက်အခံတွေကို နှိပ်ကွပ်တာ စတဲ့စွပ်စွဲချက်တွေကို အစိုးရက ငြင်းဆိုခဲ့ပါတယ်။
Source/Photo-Reuters