Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၅ ဦး ဖမ်းဆီးခံရ
DVB
·
November 1, 2023
Thai arrested Myanmar Migrant_01112023

ထိုင်းနိုင်ငံ၊ ချွန်ဖွန်ခရိုင်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂၉ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ CH7 ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေက လုံခြုံရေးအတွက် ကင်းလှည့်နေစဉ် အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီကျော်က မသင်္ကာဖွယ်ရာ ပစ်ကပ်ကားတစီးတွေ့ပြီး စစ်ဆေးခဲ့ရာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅ ဦး အပါအဝင် ထိုင်းနိုင်ငံသား ယာဉ်မောင်းနဲ့ သူ့ရဲ့ဇနီး မြန်မာနိုင်ငံသူတို့ကို ဖမ်းမိခဲ့ပါတယ်။

ရဲတပ်ဖွဲ့စစ်ဆေးချက်အရ ထိုင်းနိုင်ငံသား ယာဥ်‌မောင်းနဲ့ သူ့ရဲ့အမျိုးသမီးဟာ မြန်မာနိုင်ငံသား ၅ ဦးကို ကော့သောင်းမှ ထိုင်းနိုင်ငံ နခွန်းစီထပ်မလော့ခ်ခရိုင်ကို အလုပ်လုပ်ကိုင်ဖို့အတွက် ပွဲစားခ ၂၇,၀၀၀ နဲ့ ကားခ ၃,၀၀၀ စုစုပေါင်း ဘတ် ၃၀,၀၀၀ နဲ့ ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ ဝန်ခံပါတယ်။

တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅ ဦးနဲ့ ပို့ဆောင်ပေးခဲ့တဲ့ ထိုင်းအမျိုးသားနဲ့ သူ့ရဲ့ဇနီး မြန်မာအမျိုးသမီးတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ ထိုင်းနိုင်ငံ ဖတိုရဲစခန်းကို ပို့ဆောင်စစ်ဆေးနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား များပြားနေသလို ဖမ်းဆီးခံရမှုလည်း များနေပြီး ၂၀၂၃ ဇန်နဝါရီလက စတင်ကာ အောက်တိုဘာလအထိ ဖမ်းဆီးခံရသူ မြန်မာအရေအတွက် ၁၀,၀၀၀ ကျော် ရှိနေပါတယ်။

Source-CH7New HD

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024