အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒေ့ရှ်ပြည်နယ်မှာ အောက်တိုဘာ ၂၉ ရက်က ခရီးသည်တင်ရထား ၂ စင်း တိုက်မိလို့ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ အစိုးရအကြီးတန်းအရာရှိတဦးက ပြောပါတယ်။
ခရီးသည်တင် ရထားတစီးရဲ့ ရထားတွဲနှစ်တွဲ လမ်းချော်သွားတယ်လို့ မီးရထားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
စုံစမ်းစစ်ဆေးမှုအရ အလာမန်ဒါနဲ့ ကန်တာကာ ပါလေမြို့တို့ကြားမှာ ဗီစခပတ်နမ်- ရယာဂဒါကြား ပြေးဆွဲတဲ့ ခရီးသည်တင်ရထားက အချက်ပြမှု လွန်ကဲလို့ ရထားချင်း တိုက်မိတာလို့ ရထားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရထား ၂ စင်းပေါ်မှာ လူ ၉၀ ကျော် ပါလာတယ်လို့ အစိုးရအကြီးတန်း အရာရှိတဦးဖြစ်သူ နာဂါလက်ရှ်မီး အက်စ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ကမ္ဘာ့စတုတ္ထအကြီးဆုံး ရထားကွန်ရက်ဖြစ်တဲ့ အိန္ဒိယမီးရထားဌာနဟာ မီးရထားဘုတ်အဖွဲ့က ဦးစီးလုပ်ဆောင်တဲ့ နိုင်ငံပိုင်လုပ်ငန်းပါ။
Source/Photo-Reuters