စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းမှာ ကျား၊ မ အခြေပြု အကြမ်းဖက်မှုနဲ့ မျိုးဆက်ပွားကျန်းမာရေး ပညာပေး သင်တန်းကို ရွာ ၇ ရွာက အခြေခံပညာအထက်တန်းကျောင်းသားကျောင်းသူတွေကို ပို့ချပေးခဲ့တယ်လို့ People's Healthcare Network-Kalay က ထုတ်ပြန်ထားပါတယ်။
ရပ်ရွာအနီးဝန်းကျင်မှာ သက်ငယ်မုဒိန်းမှုတွေ ကြုံလာတာ၊ ကလေးတွေ အများကြီးမွေးကြတာနဲ့ အသက်ငယ်ငယ်နဲ့ အိမ်ထောင် ပြုလာကြတာတွေ တွေ့ရတာတို့ကြောင့် PHN(Kalay)ရဲ့ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေက နှစ်ရက်ကြာ သင်ကြားပို့ချ ပေးခဲ့တယ်လို့ ဆိုပါတယ်။
Gender-based violence တွေ ကြုံလာရရင် မျိုသိပ်ခံစားမနေဘဲ ဖွင့်ဟတိုင်ပင်လို့ရတဲ့ ကျနော်တို့ ကျန်းမာရေး အဖွဲ့အစည်း ရှိနေတယ်ဆိုတာ သတင်းစကားပါတာ ဖြစ်တယ်လို့ People's Healthcare Network (Kalay) ရဲ့ တာဝန်ခံဆရာဝန် Dr.Joshua က ဆိုပါတယ်။
မျိုးဆက်ပွား သားဆက်ခြား ပညာပေးကတော့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မဆောင်ရအောင် အသိပညာပေးတာဖြစ်ပြီး လာမယ့် နိုဝင်ဘာလမှာ ဒုတိယအကြိမ်သင်တန်းပေးဖို့ ရှိပါတယ်။