တောင်ကိုရီးယားနှင့် အမေရိကန်တပ်ဖွဲ့တွေဟာ သူတို့ရဲ့ စစ်တပ်တွေ ခေတ်မီစေရေး ကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ အောက်တိုဘာ ၂၆ ရက်က ဒရုန်းတွေ၊ မောင်းသူမဲ့ယာဉ်တွေနဲ့ ဝတ်ဆင်နိုင်တဲ့ လေဆာအာရုံခံကိရိယာတွေပါတဲ့ ပူးပေါင်းတိုက်ခိုက်ရေးလေ့ကျင့်ခန်းကို ဆင်နွှဲခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေကို တုံ့ပြန်မှု ပိုကောင်းလာစေဖို့ ရည်ရွယ်ပြီး အခုလအစောပိုင်းကတည်းက နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဟိုးဂို့ ဆောင်းဦးရာသီ လေ့ကျင့်ခန်းရဲ့ နောက်ဆက်တွဲ လေ့ကျင့်ခန်းတွေကို တောင်ကိုရီးယားစစ်တပ်က လုပ်နေချိန်မှာ ခုလို လေ့ကျင့်ခဲ့တာပါ။
နိုင်ငံအရှေ့ပိုင်း အင်းဂျေးမြို့နယ်ထဲက တောင်ထူထပ်တဲ့ တောနက်ထဲမှာ ရှိတဲ့ ကိုရီးယား တိုက်ခိုက် လေ့ကျင့်ရေးဌာနမှာ တည်ဆောက်ထားတဲ့ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းနဲ့ ပုံစံတူ မြို့အတုထဲ မှာ လေ့ကျင့်ထား ပြီးသား ရန်သူ့တပ်အသွင်ယူထားတဲ့ တပ်ဖွဲ့ကို အမေရိကန်နဲ့ တောင်ကိုရီးယား စစ်သည်အင်အား ၁၂၀ ကျော်စီပါတဲ့ အဖွဲ့က ပူးပေါင်းတိုက်ခိုက်ပုံကို လေ့ကျင့်ခဲ့တာပါ။
တပ်ဖွဲ့ဝင်တွေဟာ အဆင့်မြှင့် ပေါင်းစပ် ချိန်သားကိုက် သုံးစွဲနိုင်တဲ့ လေဆာ စနစ်(MILES) ဝတ်စုံကို ဝတ်ရင်း အနာဂတ် တိုက်ခိုက်ရေး စွမ်းရည်တွေကို မြှင့်တင်ဖို့ အဆင့်မြင့် နည်းပညာသုံး လက်နက်စနစ် အမျိုးမျိုးကို သုံးပြီး လေ့ကျင့်ခဲ့ ပါတယ်။
လက်နက်တွေရဲ့ အကျိုးသက်ရောက်မှုကို အကဲဖြတ်ရင်း အချိန်နှင့်တပြေးညီ အသေအပျောက် စာရင်းတွေကို ပံ့ပိုးပေးနိုင်ဖို့ ဒီဇိုင်းထုတ်ထားတာပါ။
ဒရုန်းယာဉ် အများအပြား ကင်းထောက် ပျံသန်းခဲ့ကြပြီး တချို့ဒရုမ်းတွေက ချေမှုန်းရေးရိုင်ဖယ်တွေကို ပစ်ခတ်ခဲ့တာပါ။ ဒဏ်ရာရသူတွေကို သယ်ဖို့ ဘက်စုံသုံး မောင်းသူမဲ့ယာဉ်ကို တောင်ကိုရီးယားက စေလွှတ်ခဲ့ပါတယ်။
Source/Photo-Reuters