ချဲလ်ဆီးအသင်းအနေနဲ့ တိုက်စစ်ပိုင်းမှာ တိုးတက်မှုတွေရှိဖို့ လိုအပ်နေသေးကြောင်း နည်းပြပိုချက်တီနိုက ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ပြိုင်ဘက်ထက် ဂိုးသွင်းခွင့် နှစ်ဆကျော်ရရှိခဲ့ပေမဲ့ ဂိုးမရခဲ့ဘဲ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
ဒီရှုံးပွဲကြောင့် ပွဲစဉ် ၁၀ အပြီးမှာ ၃ ပွဲသာ အနိုင်ရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၁၁ နေရာ အထိ ကျဆင်သွားခဲ့ပါတယ်။
အသင်းရဲ့ ရလဒ်ပိုင်းနဲ့ ပတ်သက်လို့ ပျော်ရွှင်ကျေနပ်စရာမကောင်းကြောင်း၊ တိုက်စစ်ပိုင်းက ငယ်ရွယ်တဲ့ ကစားသမားတွေအနေနဲ့ တိုးတက်ဖို့လိုအပ်ကြောင်း ပိုချက်တီနို ကပွဲအပြီးမှာပြောပါတယ်။
ချဲလ်ဆီးကစားသမားတွေအနေနဲ့ ခြေစွမ်း တသမတ်တည်းရှိဖို့လည်း လိုအပ်နေကြောင်း နည်းပြပိုချက်တီနိုက သုံးသပ်သွားပါတယ်။
Photo-Reuters