လီဗာပူးတိုက်စစ်မှူး မိုဆာလာဟာ အသက် ၁၉ နှစ်အရွယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြောင်း နည်းပြ ယာဂန်ကလော့ပ်က ချီးကျူးသွားပါတယ်။
ဆာလာဟာ ပြင်သစ်ကလပ် တူးလုစ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ တစ်ဂိုးသွင်းခဲ့ပြီးနောက် အင်္ဂလန်ကလပ်အသင်းတစ်သင်းအတွက် ဥရောပသွင်းဂိုးအများဆုံး ကစားသမားဖြစ်လာခဲ့တာပါ။
ဆာလာဟာ လီဗာပူးအသင်းအတွက် ဥရောပသွင်းဂိုး ၄၃ ဂိုး ရှိသွားပြီ ဖြစ်ပြီး အွန်နရီတင်ရှိထားတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဆာလာဟာ အသက် ၃၁ နှစ်ရှိပြီဆိုပေမဲ့ ထိပ်တန်းအဆင့် ကြံ့ခိုင်မှုရှိနေဆဲဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်မယ်ဆိုရင် အသက် ၁၉- ၂၀ အရွယ် ကစားသမားတစ်ဦးရဲ့ အရိုးတွေလို သန်မာနေမှာဖြစ်ကြောင်း ကလော့ပ်က ချီးကျူးခဲ့တာပါ။
ကွင်းပြင်ပမှာလည်း ကောင်းမွန်တဲ့ လူတစ်ဦးဖြစ်လာတာကြောင့် ဆာလာဟာ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦး ဖြစ်နေပြီဖြစ်ကြောင်း ကလော့ပ်က ချီးကျူးခဲ့ပါတယ်။
Photo - Reuters