နယူးကာဆယ်အသင်းဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ ဝုဗ်အသင်းနဲ့အ ဝေးကွင်းပွဲစဉ်ကစားရမှာဖြစ်ပြီး တိုနယ်လီ အပေါ် ဖီဖာက ချမှတ်ထားတဲ့ ပွဲပယ်ပြစ်ဒဏ်တွေကို စတင်ခံယူသွားရမှာ ဖြစ်ပါတယ်။
လောင်းကစားမှုအတွက် နယူးကာဆယ်ကွင်းလယ်လူ တိုနယ်လီကို ၁၀ လအထိပွဲပယ်ပြစ်ဒဏ်ချမှတ်ကြောင်း ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အတည်ပြုထားတာ ဖြစ်ပါတယ်။
အီတလီလက်ရွေးစင်ကစားသမားဟာ အေစီမီလန်အသင်းမှာ ကစားစဉ်က အသင်းအနိုင်ရရှိမယ့် ဘက်ကနေ တရားမဝင်လောင်းကစားလုပ် ခဲ့တာပါ။
ကစားသမားတစ်ဦးအနေနဲ့ ချမှတ်ထားတဲ့လောင်းကစားဥပဒေစည်းမျဉ်းတွေကို ချိုးဖောက် ခဲ့တာကြောင့် အီတလီတရုံးကနေ ၁၀ လပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အပြင် ပေါင် ၁၇၀၃၈၀ လည်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။
Photo - Reuters