Home
မြန်မာသတင်း
မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို KIA သိမ်းပိုက်
DVB
·
October 25, 2023
KIA_25102023

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ကဒေါ့အင်ခန်ကောင် စစ်ကောင်စီစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က အောက်တိုဘာ ၂၄ ရက် မနက် ၁၀ နာရီလောက်မှာ သိမ်းပိုက်လိုက်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ကဒေါ့အင်ခန်ကောင်ကို အကုန်အစင် သိမ်းလိုက်နိုင်ပြီ” လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်ကောင်စီ ခလရ-၂၅၀ အခြေစိုက်ထားတဲ့ တပ်စခန်းဖြစ်ပြီး KIA ဘက်က မနက် ၆ နာရီခွဲကျော်လောက်ကစပြီး သွားရောက်တိုက်ခိုက်ခဲ့ရာ မနက် ၁၀ နာရီဝန်းကျင်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

KIA ရှေ့တန်းသတင်းရင်းမြစ် နောက်တဦးက “မိုးမောက်-မံစီ မြို့နယ်ဘက်လေ တပ်ရင်း ၂၇ က။ မနေ့ကမနက် သိမ်းလိုက်တဲ့နေရာက” လို့ ပြောပါတယ်။

အူလန်ပါ၊ ကဒေါ့အင်ခန်ကောင် စစ်ကောင်စီစခန်းကို KIA တပ်မဟာ ၃၊ တပ်ရင်း ၁၊ တပ်ရင်း ၂၇ နဲ့ အူလန်ပါ KIA ပြည်သူ့စစ် (အရန်တပ်ဖွဲ့) တို့ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ရာ မနက် ၁၀ နာရီကျော်လောက်က အေးအေးဆေးဆေး သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီဒေသက ဒေသခံတွေဟာ လွန်ခဲ့တဲ့ ၂၀၁၁-၂၀၁၂ ခုနှစ်က စစ်ကောင်စီနဲ့ KIA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ရာက တိမ်းရှောင်သွားခဲ့ကြလို့ ‌လူနေထိုင်မှုမရှိတာကြောင့် ‌ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ နဲ့ ၂၀ ရက်နေ့တွေမှာလည်း KIA ဘက်က စစ်ရေး မဟာဗျူဟာကျတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်အစပ်က ဝိန်းလား စစ်ကောင်စီစခန်းနဲ့ ကချင်ပြည်နယ် လိုင်လွမ်အောက်ဂျာရှိ လဲလုံစစ်‌ကောင်စီ စခန်း ၂ နေရာကို သိမ်းပိုက်ခဲ့ ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024