ဟန်ဂေရီနိုင်ငံရဲ့ မြို့တော် ဘူဒါပတ်စ်မှာ ထောင်ချီတဲ့ပြည်သူတွေဟာ အောက်တိုဘာ ၂၃ ရက်က ချီတက်ခဲ့ကြပြီး ဝန်ကြီးချုပ် ဗစ်တာအော်ဘန်ရဲ့ လုပ်ငန်းစဉ်တွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
ဆိုဗီယက်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ၁၉၅၆ ဆန္ဒပြပွဲ ကျဆုံးခြင်း နှစ်ပတ်လည်နေ့မှာ ဝန်ကြီးချုပ် အော်ဘန်က မိန့်ခွန်းပြောအပြီး ဆန္ဒပြသူတွေဟာ မြို့တော်ရဲ့ လမ်းတွေပေါ်မှာ နာရီပေါင်းများစွာ ချီတက်ခဲ့တာပါ။
အော်ဘန်ဟာ သူ့မိန့်ခွန်းအတွင်း ဥရောပသမဂ္ဂ ခေါင်းဆောင်တွေကို ဝေဖန် ပြစ်တင်ခဲ့ပြီး အီးယူကိုလည်း ညံ့ဖျင်းတဲ့ ခေတ်ပြိုင်ပြက်လုံးလို့ ခေါ်ဝေါ်လိုက်သလို အီးယူအနေနဲ့ ပြင်ဆင်နိုင်သေးတယ်လို့လည်း သူက ပြောပါတယ်။
ဘူဒါပတ်စ်မြို့တော်က ဆန္ဒပြသူတချို့ကတော့ အော်ဘန်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဟန်ဂေရီဟာ အီးယူအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်သွားမှာ စိုးရိမ်နေကြတာပါ။
အော်ဘန်ရဲ့ ၁၃ နှစ်ကြာ အုပ်ချုပ်မှုအတွင်း ဟန်ဂေရီက လိင်တူစုံမက်သူတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ခါးသီးတဲ့ ထိပ်တိုက် တွေ့မှုတွေကြောင့် အော်ဘန်အပေါ် မယုံကြည်မှုတွေ မြင့်တက်လာခဲ့တာပါ။
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေ၊ ပညာရှင်တွေ၊ တရားရုံးတွေနဲ့ မီဒီယာတွေအပေါ် အစိုးရရဲ့ ထိန်းချုပ်မှုတွေကို တင်းကျပ်ထားပါတယ်။
တရားဥပဒေစိုးမိုးရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဟန်ဂေရီကို ရန်ပုံငွေ ယူရို ဘီလီယံပေါင်းများစွာ ပေးချေဖို့ အီးယူက ဆိုင်းငံ့ထားခဲ့တာပါ။
နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အရှည်ကြာဆုံး လက်တွေ့ စီးပွားရေးကျဆင်းမှု အခြေအနေကနေ ဆွဲထုတ်ဖို့ အမျိုးသားရေးဝါဒီခေါင်းဆောင်ရဲ့ ကြိုးပမ်းမှုတွေ ရှုပ်ထွေးစေခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ နိုင်ငံတကာတင်းမာမှုတွေကြားမှာ အရင်အပတ်က တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ပေကျင်းညီလာခံအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကတိကဝတ်တွေကို ရုရှား၊ ဟန်ဂေရီ ခေါင်းဆောင်နှစ်ဦးက ထပ်အတည်ပြုခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ အီးယူမဟာမိတ်တွေက ဟန်ဂေရီကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
Source/Photo-Reuters