ပီရူးရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပီရူးကမ်းလွန်က စစ်ဆင်ရေး ၂ ခုအတွင်း ကိုကင်း ၃ တန်ကျော်ကို ဖမ်းမိခဲ့ပြီး လူ ၆ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက အောက်တိုဘာ ၂၄ ရက်မှာ ပြောကြားပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အဲဒီ မူးယစ်ဆေးဝါး တင်ပို့မှုဟာ နိုင်ငံမြောက်ပိုင်းကနေ ဗဟိုအမေရိကကို ပင်လယ်ရေကြောင်းနဲ့ ပို့ဆောင်တာဖြစ်ပြီး အဲ့ဒီကနေမှ အမေရိကန်ပြည်ထောင်စုကို သွားမှာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ပါရာဂွေးရဲတပ်ဖွဲ့ဟာ မနေ့က မြို့တော် အဆန်းစီယွန် အနီးရှိ ပုဂ္ဂလိကဆိပ်ကမ်းတခုကနေ ဥရောပကိုတင်ပို့မယ့် ကိုကင်း ၃ ဒသမ ၃ တန်ကို ဖမ်းဆီးရမိခဲ့ပြီး ဒါဟာ နိုင်ငံရဲ့ အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုထဲက တခုဖြစ်ပါတယ်။
အထူးစုံစမ်းစစ်ဆေးရေးရုံးကနေ ဗီလတ်တာဆိပ်ကမ်းရှိ ကုန်တင်ကားအတွင်းမှာ အဲဒီ မူးယစ်ဆေးဝါးတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ကြောင်း ပါရာဂွေး အမျိုးသားရဲတပ်ဖွဲ့မှ ရဲမှူး ကားလော့စ် ဘန်နီတက်ဇ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters