အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ် နယူးအော်လင်းန်စ်မြို့တော်ရဲ့ အနောက်ဘက်မှာ အောက်တိုဘာ ၂၃ ရက်က မီးခိုးမြူကြောင့် ကားအစီး ၁၅၀ ကျော် ဆင့်ကဲတိုက်မှုဖြစ်ပြီး ကားဒါဇင်နဲ့ချီ မီးလောင်ကျွမ်းတာကြောင့် လူ ၇ ဦးသေဆုံး၊ ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကားတွေ ဆင့်ကဲတိုက်မိမှု ဖြစ်ပြီးနောက် နာရီအတော်ကြာ ရှာဖွေကယ်ဆယ်ရေး လုပ်ခဲ့ရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ဖေ့စ်ဘွတ်ခ်မှာ ပြောထားပါတယ်။
အခင်းဖြစ်ပွားရာနေရာတချို့မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ရေနံတင်ထရပ်ကားမှ အန္တရာယ်ရှိ ပစ္စည်းတွေကို အရေးပေါ်ကူညီကယ်ဆယ်တုံ့ပြန်ရေးအဖွဲ့က အမြန်သယ်ယူ ရွှေ့ပြောင်းခဲ့ကြရတယ်လို့ ဆိုပါတယ်။
ဒီမတော်တဆမှုကြောင့် အင်တာစတိတ် ၅၅ အဝေးပြေးလမ်းမပိုင်းရှိ စိန့်ယောဟန် နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းကို နာရီအတော်ကြာအောင် လမ်းပိတ်ခဲ့ပါတယ်။
စိုစွတ်နေတဲ့ အော်ဂဲနစ်ပစ္စည်းတွေကနေ ထွက်ရှိလာတဲ့ အစိုဓာတ်နဲ့ မီးခိုးငွေ့ အရောအနှောကို မီးခိုးမြူလို့ အမျိုးသားမိုးလေဝသဌာနက ဖော်ပြထားပြီး သူ့ရဲ့မြင်နိုင်စွမ်းက ၁၀ ပေ (၃ မီတာ) အောက် လျော့နည်းနေတယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Source/Photo-Reuters