ဝက်စ်ဟမ်းကစားသမား ပါကေတာဟာ စစ်ဆေးခံနေရတဲ့ လောင်းကစားမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ လက်ကိုင်ဖုန်းကို စစ်ဆေးခွင့်ပြုလိုက်ပါတယ်။
အင်္ဂလန်အက်ဖ်အေဟာ လွန်ခဲ့တဲ့ ၅ လ ခန့်က စတင်ပြီး ဘရာဇီးလက်ရွေးစင် ကွင်းလယ်လူ ပါကေတာရဲ့ အခြေအနေကို လျှို့ဝှက်စုံစမ်းစစ်ဆေးနေခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ကစားသမားတစ်ဦးအနေနဲ့ လောင်းကစားစည်းမျဉ်းတွေ ချိုးဖောက်ခဲ့တယ်လို့ သံသယရှိတာကြောင့် လက်ကိုင်ဖုန်းကို တောင်းယူစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
လောင်းကစားလုပ်မှုသံသယကြောင့် ပါကေတာကို ဘရာဇီး လက်ရွေးစင်အသင်းကလည်း ရွေးချယ်ခြင်းမပြုဘဲ ချန်လှပ်ခဲ့ ပါတယ်။
လက်ရှိအချိန်မှာ ပါကေတာရဲ့ လက်ကိုင်ဖုန်းဟာ စစ်ဆေးသူတွေရဲ့လက်ထဲကို ရောက်ရှိနေပြီး ပြစ်မှုထင်ရှားတွေ့ရှိမယ်ဆိုရင် ကာလရှည် အရေးယူမှုတွေ ခံရနိုင်ပါတယ်။
Photo-Reuters