မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ အောက်တိုဘာ ၂၂ ရက်မနက်ပိုင်းက ရပ်ကျေး အုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရွှေဒုံးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဗေဒါဟာ နေအိမ်မှာ ရှိနေစဉ် အမည်မသိ သေနတ်သမားနှစ်ယောက်က ဆိုင်ကယ်နဲ့ လာရောက်ပစ်သတ်သွားတာဖြစ်ကြောင်း ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
"မနက် ၁၀ နာရီလောက်က လာပစ်သွားတာ။ အုပ်ချုပ်ရေးမှူးက နေအိမ်ရှေ့မှာ ရှိနေတုန်း ဆိုင်ကယ်နဲ့ လူနှစ်ဦးရောက်လာပြီး သေနတ်နဲ့ ပစ်သွားတာ။ အားလုံးပေါင်း ၄ /၅ ချက် လောက်ရှိတယ်။ ပွဲချင်းပြီးပဲ။ ဘယ်အဖွဲ့က ပစ်တာလဲတော့မသိဘူး။”
သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ ရွှေဒုံးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဗေဒါဟာ ဦးခေါင်း ဝမ်းဗိုက်စတဲ့နေရာတွေကို ကျည်ထိမှန်ပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးသွားခဲ့တာပါ။
စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာမှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်က ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ရှိနေတဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင် သုံးယေက်ကို အမည်မသိသေနတ်သမားအဖွဲ့က ပစ်ခတ်ခဲ့ပါသေးတယ်။