ကရင်နီပြည်နယ်(ကယား) ဒီးမော့ဆိုမြို့နယ်မှာ အောက်တိုဘာ ၂၂ ရက်က ကလေးသူငယ်များ အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကျင်းပခဲ့ပါတယ်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာအုပ်စုတွေမှာရှိတဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသူ ကျောင်းသားတွေကို အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပပြီး ပြိုင်ပွဲမှာ ဆုရရှိသူတွေကိုလည်း ဆုချီးမြှင့်ခဲ့တယ်လို့ ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ကမ္ဘာ့ကုလသမဂ္ဂကသတ်မှတ်တဲ့ နိုဝင်ဘာ ၂၀ မှာ ကျရောက်မယ့် ၃၄ ကြိမ်မြောက် ကလေးသူငယ်များနေ့အထိမ်းအမှတ်ပွဲကို အုပ်စုအဆင့်ကျင်းပခဲ့တာပါ။”
အခမ်းအနားကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီတာဝန်ရှိသူတွေ၊ ကျေးရွာအုပ်စုတာဝန်ရှိသူတွေ၊ ပညာရေးဘုတ်အဖွဲ့က ဆရာ၊ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ လူဦးရေ ၁၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
အင်္ဂလိပ်စာနဲ့ သင်္ချာစွမ်းရည်ပြိုင်ပွဲကို အခြေခံပညာကျောင်း ၁၁ ကျောင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ပညာသင်ကြားနေတဲ့ ကလေးတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။