ဂါဇာကမ်းမြောင်မှာ ထိန်းသိမ်းခံထားရတဲ့လူ ၂၁၂ ယောက်ရှိတယ်လို့ အစ္စရေး စစ်တပ်ပြောခွင့်ရက အောက်တိုဘာ ၂၂ ရက်မှာ အတည်ပြု ပြောလိုက်ပါတယ်။
အစ္စရေးရဲ့ ညတွင်းချင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမတ်စ်တွေရဲ့ ဒုံးကျည်တပ်ဖွဲ့က ဒုတိယအကြီးအကဲ အပါအဝင် ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတွေ ဒါဇင်ချီ သေဆုံးတယ်လို့လည်း ထပ်ပြောပါတယ်။
အစ္စရေးရဲ့မြောက်ဘက် ရှေ့တန်းမှာလည်း အစ္စရေးဟာ လက်ဘနွန်နယ်စပ်တလျှောက်ကို ဒုံးကျည်တွေနဲ့ပစ်ဖို့ ကြိုးစားနေတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ တိုက်ပွဲဝင်နေရဆဲပါ။
အစ္စရေးလေယာဉ်တစီးကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တဲ့ လက်ဘနွန်နိုင်ငံထဲက နေရာတခုကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးရေတပ်ဗိုလ်ချုပ် ဒယ်နီရယ်ဟာဂါရီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဟားမတ်စ်တွေက လူသားဒိုင်းတွေအဖြစ် အသုံးချတာကနေ ဟန့်တားနိုင်အောင် ဂါဇာဒေသခံတွေ တောင်ဘက်ကို ရွှေ့ကြဖို့ကိုလည်း သူက သတင်းစာရှင်းလင်းပွဲ ကနေ ထပ်ပြီး တိုက်တွန်းခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်က ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားအမတ်စ်တွေက အစ္စရေးကို အလစ်အငိုက်ဝင်တိုက်ခိုက်ခဲ့လို့ လူအယောက် ၁,၄၀၀ ကျော် သေဆုံးပြီးတည်းက အစ္စရေးဟာ ဂါဇာကို လေကြောင်းကနေ လက်တုံ့ပြန်တိုက်ခိုက်နေခဲ့တာပါ။
မြေပြင်ထိုးစစ်မစခင် ဂါဇာနယ်စပ်မှာ တပ်တွေနဲ့ လက်နက်ပစ္စည်းတွေကို အစ္စရေးက စုစည်းထားပြီးပါပြီ။
အစ္စရေးရဲ့ တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာမှာ သေဆုံးသူဦးရေ ၄,၆၅၁ ဦးရှိပြီး ၁၄,၂၄၅ ယောက် ဒဏ်ရာရခဲ့တယ်၊ သေဆုံးဒဏ်ရာရသူ ၇၀ ရာခိုင်နှုန်းက အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
Source/Photo-Reuters