အမေရိကန်နိုင်ငံ၊ ဒက်ထရွိုက်မြို့ရှိ ဂျူးဘုရားကျောင်း တကျောင်းရဲ့ ဥက္ကဋ္ဌ ဖြစ်သူဟာ ဓားနဲ့ထိုးသတ်ခံရလို့ လားဖီးရတ်ပါ့ခ်ရပ်ကွက်ထဲက သူ့ရဲ့ နေအိမ်အပြင်ဘက်မှာ သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ အာဏာပိုင်တွေနဲ့ ပြည်တွင်းမီဒီယာရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒီမိုကရက်တစ် နိုင်ငံရေးသမားတွေအတွက် အကြံပေးတဦးလည်းဖြစ်တဲ့ အသက် ၄၀ အရွယ် ဆမန်သာ ဝေါလ်ရဲ့ သေဆုံးမှုကို ဂျူးဘုရား ကျောင်းက ဖေ့စ်ဘွတ်ခ်ပေါ်မှာ အတည်ပြုထားပါတယ်။
အောက်တိုဘာ ၂၁ ရက်မှာ နေအိမ်အထိ သွေးမြေကျနေတဲ့ အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဒက်ထရွိုက်ရဲဌာနက ပြောကြားပါတယ်။
အခုလို လူသတ်မှုဖြစ်ပွားရတဲ့ ဖြစ်နိုင်ဖွယ်ရာ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး စနေနေ့ နေ့လယ်ပိုင်း အထိ သတင်းအစအန မရရှိသေးဘူးလို့ ရဲတပ်ဖွဲ့အနေနဲ့ ဖြည့်စွက်ပြော ပါတယ်။
ဝေါလ်ရဲ့ သေဆုံးမှုကြောင့် ဒီမိုကရက်တစ်နဲ့ ဂျူး အသိုင်းအဝိုင်းမှာပါ ဖြေမဆည်နိုင် ဖြစ်ရတယ်လို့ ဆိုပါတယ်။
Source/Photo-Reuters