မန်စီးတီးအသင်းဟာ အင်္ဂလန်နဲ့ မန်ယူ ဂန္ထဝင်ကစားသမားဟောင်း ဘော်ဘီချာတန် ကွယ်လွန်သွားတဲ့အပေါ် လှောင်ပြောင်ခဲ့တဲ့ ပရိသတ်တွေကို အရေးယူသွားတော့မှာပါ။
ပြီးခဲ့တဲ့စနေနေ့က ဘရိုက်တန်နဲ့ပွဲစဉ် ပထမပိုင်းအပြီးမှာ ဘော်ဘီချာတန်ရဲ့အမည်ကို သီချင်းလုပ်ဆိုပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် အော်ဟစ်ခဲ့ကြတဲ့ ပရိသတ်တစ်စုကို အရေးယူဖို့ လုပ်ဆောင်မှာဖြစ်ကြောင်း မန်စီးတီးကသတင်းထုတ်ပြန်ပါတယ်။
ဘော်ဘီချာတန်ဟာ မန်ယူအသင်းရဲ့ဂန္ထဝင်ကစားသမားတစ်ဦးလည်း ဖြစ်တာကြောင့် မန်စီးတီးပရိသတ်တွေက ပြိုင်ဘက်အသင်းရဲ့ကစားသမားအဖြစ် သတ်မှတ်ပြီး အော်ဟစ်လှောင် ပြောင်ခဲ့ကြတာပါ။
ဘော်ဘီချာတန်အပေါ် လှောင်ပြောင်အော်ဟစ်ခဲ့တာက စိတ်ပျက်စရာ ကောင်းပြီး အဲဒီအပေါ်ရှုတ်ချကြောင်း၊ ကွယ်လွန်သူရဲ့ မိသားစုဝင်တွေကိုလည်း တောင်းပန်ကြောင်း မန်စီးတီးအသင်းဘက်က သတင်းထုတ်ပြန်ပါတယ်။
အသင်းလုံခြုံရေးအဖွဲ့ဟာ CCTV မှတ်တမ်းတွေကို ရှာဖွေနေပြီး အရေးယူသွားမယ်လို့ မန်စီးတီးက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
Photo-Reuters