Home
မြန်မာသတင်း
မုံရွာမြို့  လူစည်ကားရာနေရာများတွင်  “ဘူးသပိတ်” ဖော်ဆောင်
DVB
·
October 22, 2023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့ပေါ်ရပ်ကွက်တွေနဲ့ လူစည်ကားရာနေရာတွေမှာ စစ်ကောင်စီတပ်ရဲ့ ဘဏ္ဍာရေး ဒေါက်တိုင်ဖြစ်တဲ့ စစ်တပ်ထုတ်ကုန်တွေ အသုံးမပြုဖို့”ဘူးသပိတ်” ပြုလုပ်ခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာလ ၂၁ ရက် မွန်းလွဲပိုင်းမှာ မုံရွာမြို့အဝေးပြေးကားဝင်း၊ လူစည်ကားရာနေရာ၊ စျေး၊ မြို့လယ်လမ်းမတွေမှာ စတစ်ကာစာရွက်တွေကပ်ပြီး သပိတ်ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်အတွက် အဓိကဝင်ငွေရှာပေးနေတဲ့ စစ်တပ်ထုတ်ကုန်နဲ့ လုပ်ငန်းတွေဖြစ်တဲ့ ရွှေမန်းသူ၊ ရှမ်းမလေး၊ ပုသိမ်သူ၊ သန်မြန်သူ အဝေးပြေးကားများ၊ ဒဂုံတံဆိပ် အရက်ဘီယာများ၊ ရွှေဖီဦး၊ နန်းမြိုင်၊ လီမွန်တီးတဲ့ ကော်ဖီထုတ်တွေ၊ Premium gold၊ Red Ruby စီးကရက်တွေကို ပြည်သူတွေ မသုံးစွဲကြဖို့  ရည်ရွယ်ပြီး သပိတ်ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့တာဝန်ရှိသူက  “အဓိက စစ်တပ်ထုတ်ကုန်တွေ မသုံးစွဲကြဖို့၊ ဆိုင်တွေမှာတင်မရောင်းဘဲ သပိတ်မှောက်ကြဖို့ ဒီကဏ္ဍမှာ ပြည်သူတွေပူးပေါင်းပါဝင်ပေးဖို့ ရည်ရွယ်ပြီးသပိတ်လုပ်ခဲ့တာပါ” လို့ ပြောပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ စစ်ကိုင်းတိုင်းထဲက စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ပညာသင်ကြားရေးအတွက် ကူညီထောက်ပံ့ပေးနေတယ့် အဖွဲ့တစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကောင်စီတပ်အတွက် အဓိကဝင်ငွေရှာပေးနေတဲ့ စစ်တပ်ထုတ်ကုန်နဲ့ လုပ်ငန်း ၃၀ ကို ဘားမားကမ်ပိန်းယူကေအဖွဲ့က နာမည်ပျက်စာရင်း ထပ်သွင်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024