စစ်ကောင်စီရဲ့ သစ်တင်လာတဲ့ သင်္ဘောတွေကနေ ပစ်ခတ်လို့ ဆားလင်းကြီးမြို့နယ်က ဒေသခံလူငယ်တယောက် ဒီနေ့ ထိမှန်သေဆုံးခဲ့ပြီး အမျိုးသား ၂ ယောက်လည်း ဒဏ်ရာရ သွားပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့က မုံရွာမြို့ဦ မင်းဒေါင့်ဆိပ်ကမ်းကနေ သစ်တင်သင်္ဘော ၈ စင်းဟာ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာခဲ့ပြီး ညနေပိုင်းမှာတော့ သင်္ဘောတစင်းဟာ ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝရွာနားမှာ သောင်တင်ခဲ့ပါတယ်။
အဲဒီ သင်္ဘောပေါ်က သစ်တွေကို နောက်ကနေရောက်လာတဲ့ သင်္ဘောတွေက ကရိန်းတွေနဲ့ ကဲ့ယူခဲ့ပြီး ဒီနေ့ ညနေပိုင်းမှာမှာ ပြီးစီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့ကို တိုက်တာရှိလား မရှိလားတော့ မသိဘူး။ ရမ်းပစ်တာကတော့ အမြဲလုပ်တယ်။”
စစ်ကောင်စီတပ်တွေဟာ ကုန်းလမ်းထက် ရေကြောင်းကို ပိုပြီးအားကိုးသွားလာနေပြီး အဲဒီလိုသွားရာမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက ကမ်းကနေ ပစ်ခတ်လေ့ရှိတာကြောင့် မြစ်ကြောင်းတလျှောက်ကို သေနတ်တွေနဲ့ ရမ်းပစ်တတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့လတုန်းကလည်း စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ဆားလင်းကြီးမြို့နယ်၊ ဖောင်းကထာရွာက အဘွားအိုတယောက် လက်နက်ကြီးစထိမှန် သေဆုံးခဲ့သေးတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - အောင်ခန့်ဇော်