ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူ နူဆဲလ်မက်ရာအိုရီဟာ အကြမ်းဖက်မှုနဲ့ စစ်ပွဲကိုဆန့်ကျင်သူဖြစ်ကြောင်း သူ့ရဲ့ အသင်းက ထုတ်ပြန်လိုက်ပါတယ်။
မော်ရိုကို လက်ရွေးစင်နောက်ခံလူဟာ ပါလက်စတိုင်းနဲ့ အစ္စရေး စစ်ပွဲနဲ့ပတ်သက်ပြီး ပါလက်စတိုင်းဘက်ကနေ ထောက်ခံတဲ့ အင်စတာဂရမ်ပို့စ်တစ်ခုကို ဝေမျှခဲ့တာနဲ့ ပတ်သက်ပြီး ထုတ်ပြန်လိုက်တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဘက်ကတော့ သူတို့ရဲ့ကစားသမားဖြစ်သူဟာ အကြမ်းဖက်မှုနဲ့ စစ်ပွဲကို ဆန့်ကျင်သူဖြစ်ပြီး အကြမ်းဖက်အဖွဲ့အစည်းတွေကို ရှုတ်ချကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“မက်ရာအိုရီဟာ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ ပတ်သက်လို့ စိတ်အနှောင့်အယှက်ဖြစ်စေအောင် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး။ အကြမ်းဖက်ဝါဒအားလုံးနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို သူက ရူတ်ချကြောင်း ပြောခဲ့ပါတယ်”လို့ ဘိုင်ယန်အသင်းဘက်က သတင်းထုတ်ပြန်ခဲ့တာပါ။
အစ္စရေးနိုင်ငံအပေါ် ဟားမက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှု အပေါ်မှာတော့ ဘိုင်ယန်အသင်းက ရှုတ်ချကြောင်း အသင်းစီအီးအို ခရစ္စတီယန်ဒရက်ဆန်က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအပေါ် မှတ်ချက်ပေးခဲ့တဲ့ ဟော်လန်ကစားသမား အယ်လ်ဂါဇီကို မိန့်ဇ်အသင်းက ပွဲပယ်ပြစ် ဒဏ်ချမှတ်ခဲ့ပါတယ်။
Photo-Reuters