အိုလံပစ်ပြိုင်ပွဲကို နိုင်ငံရေးအရ ဖိအားပေးနိုင်ဖို့နဲ့ လူမျိုးရေးခွဲခြားမှုဆိုင်ရာ လက်နက်တခုအဖြစ် အသုံးပြုလို့ရနိုင်ကြောင်းသိရှိခဲ့ရတယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အောက်တိုဘာ ၁၉ ရက်မှာ ပြောကြားပါတယ်။
ပူတင်ရဲ့မိန်ခွန်းအတွင်း “နိုင်ငံရေးလောကနဲ့ မသက်ဆိုင်သူတွေအပေါ် နိုင်ငံရေးဖိအား ပေးနိုင်ဖို့အတွက် ဒီအားကစားပွဲတွေကို ကိရိယာတခုအနေနဲ့ အသုံးချနိုင်ပါတယ်။ တကယ်တမ်းမှာတော့ လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုတွေနဲ့ပါ ပြည့်နှက်လို့နေပါတယ်”လို့ မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် ယူကရိန်းနိုင်ငံမှာ သိမ်းပိုက်ထားတဲ့ နယ်မြေ ၄ ခုရဲ့ ဒေသခံအဖွဲ့တွေအပေါ် အသိအမှတ်ပြုမှုကြောင့် ရုရှားအိုလံပစ်ကော်မတီကို နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) က ပြီးခဲ့တဲ့အပတ်မှာ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
လာမယ့် ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာလည်း တခြားနိုင်ငံတွေလိုမျိုး ရုရှားနဲ့ ဘီလာရုစ် အိုလံပစ်ကော်မတီတွေကို တရားဝင်ဖိတ်ကြားမှု ပြုလုပ်မှာမဟုတ်ဘူးလို့ IOC က အတည်ပြုပါတယ်။ ဒါပေမဲ့လည်း ဒီနှစ်နိုင်ငံရဲ့ ပါဝင်ခွင့်နဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ အဆုံးအဖြတ်ပေးဖို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။
Source/Photo-Reuters