အသက် ၅၀ အရွယ် ဂျပန်အမျိုးသားတယောက် တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာ အဖမ်းခံထားရကြောင်း ဂျပန်အစိုးရက အောက်တိုဘာ ၁၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောပါတယ်။
အောက်တိုဘာလလယ်မှာ အဖမ်းခံလိုက်ရတဲ့ အဲဒီအမျိုးသားဟာ ဒီနှစ် မတ်လတုန်းက တရုတ်အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းခဲ့ဖူးတဲ့ အက်စ်တဲလာစ် ဖှာမာကုမ္ပဏီက ဂျပန်လူမျိုး ဝန်ထမ်း ဟုတ် မဟုတ်ကိုတော့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟိရိုကာဇု မတ်ဆုနိုက ပြောကြားခြင်း မရှိပါဘူး။
ဖမ်းဆီးခံထားရတဲ့ ဂျပန်အမျိုးသားကို တရုတ်အစိုးရအနေနဲ့ ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် တောင်းဆိုတယ်လို့ မတ်ဆုနိုက ပြောပါတယ်။
အခု ထိန်းသိမ်းခံရတဲ့ ပုဂ္ဂိုလ်ဟာ တရုတ်နိုင်ငံမှာ အနှစ် ၂၀ အလုပ်လုပ်ခဲ့သူဖြစ်ပြီး အရင်က တရုတ်နိုင်ငံရှိ ဂျပန်ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရဲ့ အကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
Source/Photo-Reuters