အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဟာ ဂါဇာကမ်းမြောင်ဒေသကို ခွဲစိတ်ကုသရေးအဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာပစ္စည်း အထောက်အပံ့တွေ တန်ချိန် ၆၀ တင်ဆောင်လာတဲ့ ကုန်တင်ကား အများအပြားကို စေလွှတ်ဖို့ ဘေးကင်းလုံခြုံတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ခွင့်အတွက် အောက်တိုဘာ ၁၈ ရက်က တောင်းဆိုခဲ့ပါတယ်။
ခွဲစိတ်ဆရာဝန် ၂ ဦး၊ မေ့ဆေးဆရာဝန်နဲ့ သူနာပြု ၁ ဦးတို့ဟာ ရာဖာနယ်စပ်ဖြတ်ကျော်ဂိတ်ကို သွားနေတာဖြစ်ပြီး အဲဒီမှာ ဂါဇာကမ်းမြောင်ကို ဝင်ရောက်နိုင်ခွင့်အတွက် မီးစိမ်းပြ ခွင့်ပြုချက်ပေးမှာကို စောင့်ဆိုင်းနေမှာဖြစ်ကြောင်း ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ တွမ်ပိုတိုကာက ပြောပါတယ်။
ရာဖာနယ်စပ်ဂိတ်ကို တရားဝင်ပိတ်ထားခြင်း မရှိသေးကြောင်း အီဂျစ်အစိုးရက ပြောကြားထားပေမဲ့ ဂါဇာဘက်ခြမ်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သွားရောက်လို့တော့ မရသေးပါဘူး။
အီဂျစ်အကူအညီပေးရေး ထရပ်ကားတွေလည်း အောက်တိုဘာ ၁၇ ရက်မှာ ရာဖာဂိတ်အနီးကို ရောက်လာခဲ့ပေမဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ပေးအပ်ဖို့ သဘောတူညီမှု မရရှိသေးဘဲ ပါလက်စတိုင်းဘက်က တိုက်ခိုက်မှုတွေကြောင့် ပိတ်ထားဆဲဖြစ်တာကြောင့် ဘယ်အချိန်မှ ဖြတ်ကျော်ဝင်ရောက်ခွင့် ရမယ်ဆိုတာ မသိရသေးပါဘူး။
Source/Photo-Reuters