ဂျူးလူမျိုးတွေအပေါ် အမုန်းတရားဖြန့်ဝေတဲ့ အင်စတာဂရမ်ပို့စ်ကို ပြန်လည်ဝေမျှခဲ့တဲ့ နောက်တန်းကစားသမား ယူဆတ်အတောလ်ကို ပြင်သစ်ကလပ် နိစ်အသင်းက ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
အယ်လ်ဂျီးယားလက်ရွေးစင် နောက်ခံလူ ယူဆတ်အတောလ်ဟာ ဂျူလူမျိုးတွေ မှောင်မိုက်တဲ့နေ့တွေဆီ ပို့ဆောင်ပါစေဆိုပြီး ဘုရားသခင်ထံ ဆုတောင်းထားတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေခဲ့တာပါ။
ယူဆတ်ဟာ အဲဒီပို့စ်ကို ပြန်ဖျက်ခဲ့ပေမဲ့ နိစ်အသင်းက အရေးယူခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ကစားသမားဖြစ်သူက တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။
ယူဆတ်အနေနဲ့ အသင်းရဲ့ နောက်ထပ် ထုတ်ပြန်ချက် မလုပ်မချင်း ပွဲပယ်ခံထားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုကို အားပေးတဲ့ ပြစ်မှုအနေနဲ့ ပြင်သစ်အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုလည်း ခံရမယ်လို့ သိရပါတယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဘက်ကလည်း ယူဆတ်ကို ရှုတ်ချခဲ့ပြီး ပြင်သစ်ဘောလုံးလောကမှာ အဲဒီလို အမုန်းစကားတွေကို ခွင့်ပြုသွားမှာ မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်ကတည်းက နိစ်အသင်းဆီ ပြောင်းရွှေ့လာသူ ယူဆတ်ဟာ စုစုပေါင်း ၁၁၅ ပွဲမှာ ၁၂ ဂိုး သွင်းထားပါတယ်။
Photo-Reuters