အီတလီအာဏာပိုင်တွေဟာ အောက်တိုဘာ ၁၇ ရက် အစောပိုင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ရာမှာ အီဂျစ်နိုင်ငံသားတဦးနဲ့ အီဂျစ်နွယ်ဖွား အီတလီနိုင်ငံသားတဦးတို့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ဆင်ရေးကို မီလန်အစိုးရ ရှေ့နေရုံးနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး သံသယရှိသူ ၂ ဦးဟာ အကြမ်းဖက်ရာဇဝတ်မှုတွေကို လှုံ့ဆော်ခြင်းနဲ့ အစ္စလာမ္မစ် IS ဂျီဟတ်ဝါဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ စွပ်စွဲခံထားရပါတယ်။
ဝါဒဖြန့်လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေကြတဲ့ အဲဒီသံသယရှိသူ ၂ ဦးဟာ အလားအလာရှိတဲ့ ဆက်နွှယ်သူတွေကို အွန်လိုင်းကနေ လူစုဆောင်းဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီးတော့ IS အဖွဲ့အတွက် အစပျိုးကိစ္စရပ်တွေကို လုပ်ဆောင်ဖို့ ငွေကြေးထောက်ပံ့နေကြောင်း အစိုးရရှေ့နေရုံးက ပြောကြားခဲ့ပါတယ်။
“ဒီမနက်မှာပဲ အကြမ်းဖက်ဝါဒစွဲချက်နဲ့ လူ ၂ ဦးကို ဖမ်းဆီးလိုက်တာပါ” လို့ အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျနီက RAI-ရေဒီယို အန်းခီယိုကို ပြောကြားခဲ့ပါတယ်။
အာဏာပိုင်တွေဟာ သတိပေးချက်အဆင့်ကို မြှင့်တင်ထားပြီး ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတွေကို တားဆီးဖို့ လုပ်ဆောင်နေကြောင်းလည်း သူက ဆိုပါတယ်။
အောက်တိုဘာ ၁၆ ရက် နှောင်းပိုင်းက ဘယ်လ်ဂျီယံကို တိုက်ခိုက်မှုလို အကြမ်းဖက်တိုက်ခိုက်မှုမျိုး နိုင်ငံအနေနဲ့ မျှော်လင့်ထားသလားဆိုတဲ့ မေးခွန်းကိုတော့ တာဂျနီက အခုချိန်မှာတော့ အီတလီနိုင်ငံအတွက် သီးခြားခြိမ်းခြောက်မှုမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters