Home
နိုင်ငံတကာ
စစ်မြေပြင်သတင်းထောက်များ၏ အခွင့်အရေး လေးစားရန် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
DVB
·
October 17, 2023
French FM_17102023

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ကက်သရင်း ကိုလိုနာက ဂါဇာမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ စစ်ပွဲမှာ နှစ်ဖက်စလုံးက စစ်မြေပြင်သတင်းထောက်တွေရဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ အောက်တိုဘာ ၁၆ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

အောက်တိုဘာ ၁၃ ရက်က ရိုက်တာသတင်းထောက် အစ်ပ်ဆမ် အဗ်ဒယ်လာ အသတ်ခံရမှု၊ ရိုက်တာအေးဂျန့် ဖရန့်စ် ပရက်စ်နဲ့ အယ်လ်ဂျာဇီးယားတို့က လုပ်ဖော်ကိုင်ဘက်တွေ အများကြီး ဒဏ်ရာရပြီးတဲ့နောက် သုံးရက်အကြာ သတင်းစာရှင်းလင်းပွဲမှာ ကိုလိုနာက မှတ်ချက်ပေးခဲ့တာပါ။ 

“အန္တရာယ်များတဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အရေးကို လေးစားလိုက်နာရတဲ့ သတင်းထောက်တွေဟာ ကျမတို့က ကာကွယ်ပေးပြီး လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ ကြိုးပမ်းနေတဲ့ ပြည်သူတွေရဲ့ တစိတ်တပိုင်းပါ။ ဂါဇာမှာရှိနေတဲ့သူ အားလုံးဟာ အကာအကွယ်ရပိုင်ခွင့်ရှိတယ်။ အဲဒီလူတွေထဲမှာ သတင်းထောက်တွေလည်း ပါပါတယ်” လို့ သူက ပြောပါတယ်။

သတင်းထောက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မြန် စေ့စေ့စပ်စပ်နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးဖို့ အစ္စရေးအာဏာပိုင်တွေဆီ ရိုက်တာသတင်းဌာန အကြီးအကဲ အလက်ဇန်ဒရာ ဂါလိုနီက အောက်တိုဘာ ၁၆ ရက်က အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။

ပဋိပက္ခမှာ ပါဝင်ပတ်သက်မှုဆိုင်ရာ စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းဖို့နဲ့  ဒေသတွင်းသတင်းထောက်တွေ ဘေးကင်းလုံခြုံမှုရှိရေးအတွက် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကို ဂါလိုနီက တိုက်တွန်းခဲ့ပါတယ်။

အစ်ဆမ်ဟာ အစ္စရေးနဲ့ လက်ဘနွန်ကြား နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုကို ရိုက်ကူးနေချိန် ကျည်ဆန်ထိမှန်ပြီး သောကြာနေ့က သေဆုံးသွားပါတယ်။

ရိုက်တာသတင်းဌာနက တခြား သတင်းထောက် နှစ်ဦး၊ AFP နဲ့ အယ်လ်ဂျားဇီးယား သတင်းဌာနတွေက လုပ်ဖော်ကိုင်ဘက်တွေလည်း ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့ကြပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024