အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာနချုပ်က ဒွိုက် အိုက်စန်ဟောင်ဝါ လေယာဉ်တင်သင်္ဘော ပါဝင်တဲ့ တိုက်ခိုက်ရေးအဖွဲ့ကို မြေထဲပင်လယ်အရှေ့ဘက်ဆီ ပြောင်းရွှေ့ဖို့ ညွှန်ကြားထားပါတယ်။
ဒီအဖွဲ့ မြေထဲပင်လယ်ဒေသထဲ ရောက်ဖို့ သီတင်းတပတ်ကနေ တပတ်ခွဲကြား အချိန်ယူရမှာပါ။
၁၉၇၇ ခုနှစ်မှာ တာဝန်ပေးအပ်ခဲ့တဲ့ နျူးကလီးယားစွမ်းအင်သုံး သင်္ဘောဟာ အီရတ်က ကူဝိတ်ကို ကျူးကျော်ချိန်မှာ ပထမဆုံး စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ပါတယ်။
“အိုက်ခ်” လို့လည်း လူသိများတဲ့ သင်္ဘောမှာ သင်္ဘောသား ၅,၀၀၀ ပါရှိပြီး တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ထောက်လှမ်းရေးနဲ့ ကင်းထောက်စစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်စွမ်းရှိတဲ့ တိုက်လေယာဉ်တွေလို လေယာဉ်အုပ်စု တပ်ရင်း ၉ ရင်းအထိ တင်ဆောင်နိုင်ပါတယ်။
အိုက်ခ် သင်္ဘောဟာ ပဲ့ထိန်းဒုံးကျည် ပစ်ခတ်နိုင်တဲ့ ခရူဇာအဆင့် စစ်သင်္ဘော ဖိလစ်ပင်းဆီး၊ ပဲ့ထိန်းဒုံးကျည်သုံး ဖျက်သင်္ဘော ဂရာဗယ်လီနဲ့ မာဆွန်တို့ အပါအဝင် တခြားသင်္ဘောတွေ ခြံရံပြီး မြေထဲပင်လယ် အရှေ့ဘက်ဆီကို သွားမှာပါ။
သင်္ဘောတွေဟာ လေယာဉ်တင်သင်္ဘောနဲ့ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ အာရုံစိုက်ထားပြီး ထိုးစစ်ဆင်ချိန်မှာ ခေတ်မီဆန်းပြားတဲ့ စနစ်တွေပါတဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် ရှိပြီးသား အစ္စရေးအတွက် အကောင်းဆုံး သင့်တော်တဲ့ အခြေအနေတော့ မဟုတ်ဘူးလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
Source/Photo-Reuters