ဂိုးသမားအိုနားနားရဲ့ အပြောင်းအရွှေ့ဟာ အသင်းအတွက် အကျိုးရှိခဲ့တယ်လို့ အင်တာမီလန် စီအီးအို မာရော့တာက ပြောပါတယ်။
ကင်မရွန်း ဂိုးသမားကို အင်တာမီလန်က အိုင်းယက်စ်ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး မန်ယူအသင်းဆီပေါင် ၄၇ သန်းနဲ့ ပြန်လည်ရောင်းချခဲ့တာပါ။
လက်ရှိအချိန်မှာ အိုနားနားဟာ မန်ယူအသင်းမှာ ဝေဖန်ခံခဲ့ရပြီးနောက် အင်တာမီလန်ဆီ ပြန်လည်ပြောင်းရွှေ့ဖို့ ရှိတယ်လို့လည်း သတင်းထွက်ပေါ်နေတာပါ။
“အိုနားနားဟာ ကျနော်တို့အတွက် ခမ်းနားတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်ခဲ့သလို သူ့ကို အလွတ်နဲ့ ခေါ်ယူပြီး ငွေကြေးအတွက်ပြန် လည်ရောင်းချနိုင်ခဲ့တာကလည်း အောင်မြင်တဲ့ ကိုင်တွယ်မှု တခု ဖြစ်ခဲ့တယ်”လို့ အင်တာမီလန်စီအီး အို မာရော့တာက ပြောပါတယ်။
အင်တာစီအီးအို မာရော့တာကတော့ အင်တာမီလန်အသင်းဆီကို အိုနားနား ပြန်လည်ပြောင်းရွှေ့ လာနိုင်မယ့်အခြေအနေက ဘာမဆိုဖြစ်သွားနိုင်ပြီး အနာဂတ်ကို ခန့်မှန်တာမျိုး မလုပ်ချင်ဘူးလို့ ပြောပါတယ်။
Photo-Reuters