အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာပြီလို့ အင်္ဂလန် နောက်ခံလူဟောင်း ဂျိုလီယွန်လက်စ်ကော့က ပြောသွားပါတယ်။
အသက် ၂၀ ပဲရှိသေးတဲ့ ဘယ်လင်ဂမ်ဟာ အခုနှစ်ရာသီမှာ ဒေါ့မွန်ကနေ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့ပြီး မက်ဒရစ်မှာ ဂိုး အများဆုံး ကစားသမားအဖြစ် ခြေစွမ်းပြနေတာပါ။
မန်စီးတီးနောက်ခံလူဟောင်း လက်စ်ကော့ကတော့ ဘယ်လင်ဂမ်ဟာ စိတ်လှုပ်ရှားမှုအပေးနိုင်ဆုံး ပါရမီရှင်ကစားသမားဖြစ်ပြီး အင်္ဂလန်အသင်းကို အောင်မြင်မှုရရှိအောင် တွန်းတင်ပေးမယ့်သူ ဖြစ်တယ်လို့ သုံးသပ်ခဲ့တာပါ။
“ဂျုဘယ်လင်ဂမ်ဟာ မက်ဒရစ်မှာ အလွန်ကြီးမားတဲ့သက်ရောက်မှုကို ပြသနိုင်ခဲ့ပြီး ဘာမင်ဂမ် အသင်းကနေ ဒီလို အဆင့်အထိ တက်လှမ်း လာတယ်ဆိုတာ အတော်လေး မယုံကြည်နိုင်စရာ ကောင်းပါတယ်။ သူ့အတွက်ရော၊ အင်္ဂလန်အတွက်ပါ ပွဲတွေ အများကြီးဆက်ကစားရဦးမှာဖြစ်ပြီး တချိန်မှာ ဘလွန်းဒီအောဆုလည်း ရနိုင်ပါတယ်။ ဒီအချိန်မှာ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာနေပါပြီ” လို့ လက်စ်ကော့က ပြောပါတယ်။
ဘယ်လင်ဂမ်ဟာ အခုနှစ်ရာသီအစပိုင်းမှာပဲ ပြိုင်ပွဲစုံမှာ ၁၀ ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်။
Photo-Reuters