ဘရာဇီးနိုင်ငံ အမေဇိုးနပ်စ်ပြည်နယ်မှာ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုဒဏ်ခံရတဲ့ စန်တာ ဟယ်လန်နာ ဒူအင်းဂယ်စ်ဆီကို စားနပ်ရိက္ခာအကူအညီတွေ ရောက်လာပြီလို့ ရိုက်တာ သတင်းဌာန က အောက်တိုဘာ ၁၅ ရက်မှာ ဖော်ပြပါတယ်။
အမေဇိုးနီးယား ရေရှည်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FAS) နဲ့ အမေဇုန်ရာသီဥတု မဟာမိတ်အဖွဲ့ တို့ကနေ ပေးပို့တဲ့ အစားအသောက် အစုံအလင်ဟာ လိုအပ်နေတဲ့ အိမ်နီးချင်းတွေဆီ လယ်ထွန်စက်တွေနဲ့ အောက်တိုဘာ ၁၃ ရက်က ရောက်လာခဲ့ပါတယ်။
ပြင်းထန်တဲ့ မိုးခေါင်မှုကြောင့် ဖြစ်လာတဲ့ အရေးပေါ်အခြေအနေကို ဖြေရှင်းဖို့ FAS ဟာ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အမေဇုန်ရာသီဥတု မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလုပ်ဆောင်ခဲ့ ပါတယ်။
ဒီစီမံချက်ဟာ အမေဇိုးနပ်စ်နဲ့ အိမ်နီးချင်းပြည်နယ်တွေက မိုးခေါင် ရေရှားမှုဒဏ် အခံရဆုံးဒေသ တွေကို ပုံဖော်ထားပြီး မြစ်ကမ်းစပ်က လူမှုအသိုင်းအဝိုင်းတွေအတွက် အစားအစာ၊ သောက်ရေ၊ ဆေးဝါးတွေနဲ့ တခြားမရှိ မဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းအောင် လှုံ့ဆော် နေပါတယ်။
ကမ္ဘာ့အကြီးဆုံး မိုးသစ်တောဖြစ်တဲ့ အမေဇုန်တောဟာ အယ်နီညို ရာသီဥတုကြောင့် သမိုင်းဝင် မိုးခေါင်ရေရှားမှုကို ရင်ဆိုင်နေရပါတယ်။
အမေဇိုးနပ်စ်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မြို့ ၆၂ မြို့ထဲက မြို့ ၆၀ မှာ မိုးခေါင်ရေရှားမှုနဲ့ တောမီးတွေကြောင့် ဘရာဇီးအစိုးရက အရေးပေါ်အခြေအနေ ကြေညာထားရပြီး အောက်တိုဘာ လက စိန်ခေါ်မှုဖြစ်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။
Source/Photo-Reuters
မိုးခေါင်ရေရှားနေသည့် အမေဇုန်ဒေသအတွက် အကူအညီများ ရောက်ရှိ
DVB