အစ္စရေး-ဟားမတ်စ် ပဋိပက္ခအတွင်း ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီးဆင်က သူတို့နိုင်ငံသားတွေရဲ့ နေရပ်ပြန်လာနိုင်ရေးနဲ့ ပတ်သက်ပြီး အစ္စရေးသံအမတ်ကြီး အော်နာ ဆာဂျစ်ဖ်ကို အောက်တိုဘာ ၁၃ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
အစ္စရေးနိုင်ငံမှာရှိနေတဲ့ ထိုင်းနိုင်ငံသား ၆,၀၀၀ နီးပါးအထိ နေရပ်ပြန်လာဖို့အတွက် စာရင်းပေးထားတာကြောင့် အကူအညီပေးပါဆိုပြီး ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် တိုက်တွန်းခဲ့တာပါ။
အောက်တိုဘာ ၁၂ ရက်နေ့တုန်းက အစ္စရေးနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၄၁ ဦးကတော့ စီးပွားဖြစ်လေယာဉ်နဲ့အတူ ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့ကြောင်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့အထိ အစ္စရေးနိုင်ငံမှာ ထိုင်းနိုင်ငံသား ၂၁ ဦး သေဆုံးကာ တခြား ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး နောက်ထပ် ၁၆ ဦး ဓားစာခံအဖြစ် ရှိနေသေးတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် အစ္စရေးဒေသတွင်း နေရာအသီးသီးမှာ ပြန့်ကြဲနေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်ထုတ်နိုင်ဖို့အတွက် အချိန်ယူရနိုင်တယ်လို့လည်း ဆေထာက မှတ်ချက်ပေးပါတယ်။
အဲ့ဒီထဲမှာ ထိုင်းနိုင်ငံသား ၁၅ ဦး ပါဝင်ပြီး သူတို့ရဲ့ဒဏ်ရာတွေနဲ့ အန္တရာယ်များတဲ့ ဒေသတွေမှာ နေထိုင်ရမှုကြောင့် ဦးစားပေးခဲ့တယ်လို့ အစိုးရအနေနဲ့ ထုတ်ပြန်ထားပါတယ်။
အစ္စရေးနိုင်ငံရဲ့ အကြီးမားဆုံးသော ရွှေ့ပြောင်းလုပ်သား အရင်းအမြစ်ထဲမှာ ထိုင်းနိုင်ငံလည်း ပါဝင်ပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တခုတည်းမှာတင် ထိုင်းနိုင်ငံသား ၃၀,၀၀၀ ဝန်းကျင်အထိ အလုပ်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
Source/Photo-Reuters