အစ္စရေးနိုင်ငံ ဂျေရုစလင် မြို့ဟောင်းအနီးမှာ အောက်တိုဘာ ၁၂ ရက်က ပါလက်စတိုင်း သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုအတွင်း ရဲအရာရှိ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
အရှေ့ဂျေရုစလင်ရဲ့ ရဲစခန်းတခုမှာ ဒီပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အစ္စရေးရဲတပ်ဖွဲ့က သေနတ်သမားကို ရှင်းလင်းနိုင်ခဲ့တယ်လို့ မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် ဒီသေနတ်သမားက အရှေ့ဂျေရုစလင်မှာ နေထိုင်သူဖြစ်သလို တိုက်ခိုက်ရာမှာလည်း ယာယီသုံး စက်သေနတ် အလတ်စားကို အသုံးပြုခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
“ရဲစခန်းအပေါ် ပစ်ခတ်ဖို့အတွက် သူအောင်မြင်ခဲ့ပြီးနောက် စက္ကန့်ပိုင်းအကြာမှာပဲ ရဲတပ်ဖွဲ့ဝင်တွေက သူ့ကို အလျင်အမြန် သုတ်သင်နိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွင်း ဒဏ်ရာရရှိခဲ့သူ ၂ ဦးစလုံးကို ဆေးရုံတင်ထားပြီး တဦးရဲ့အခြေအနေက ပြင်းထန်ပေမဲ့ နောက်တဦးရဲ့ အခြေအနေကတော့ အပေါ့စားဒဏ်ရာသာ ဖြစ်ပါတယ်” လို့ နယ်စပ်ရဲအရာရှိတဦးက ပြောကြားသွားပါတယ်။
Source/Photo-Reuters