Home
သတင်းဓာတ်ပုံ
မြန်မာပြည်သူများလေကြောင်းတိုက်ခိုက်ခံရမှု သရုပ်ဖော်ပြပွဲ ချင်းမိုင်တွင် ပြုလုပ် (ဓာတ်ပုံ)
DVB
·
October 13, 2023
ChinMaiAirStrike_3_13102023
ChinMaiAirStrike_1_13102023
ChinMaiAirStrike_2_13102023
ChinMaiAirStrike_4_13102023
ChinMaiAirStrike_5_13102023
ChinMaiAirStrike_6_13102023
ChinMaiAirStrike_7_13102023
ChinMaiAirStrike_8_13102023

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မြန်မာပြည်သူလူထုတွေ သေကျေ ပျက်စီးကြရတဲ့အကြောင်း သရုပ်ဖော်အနုပညာပြပွဲတခုကို အောက်တိုဘာ ၁၂ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ထိုင်း-မြန်မာ လူ့အခွင့်အရေး လှုပ်ရှားသူ လူငယ်တွေစုပေါင်းပြီး စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ လူထုနေရာကနေ သရုပ်ဖော်ပြသခဲ့ကြတာပါ။

သရုပ်ဖော်ပြသပွဲမှာ လေကြောင်းတိုက်ခိုက်မှု Performance နဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှု သက်သေအထောက်အထား ဓာတ်ပုံတွေကိုပါ ပြသခဲ့ပါတယ်။

စစ်တပ်က အကြမ်းဖက်သတ်ဖြတ်တာတွေကို ရပ်တန့်ဖို့၊ စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ရည်ရွယ်သလို တဖက်မှာလည်း စစ်တပ်ရဲ့ လုပ်ရပ်တွေကို ကမ္ဘာက သိဖို့ အခုလို ပွဲတွေ ပြုလုပ်ရတာဖြစ်တယ်လို့ သရုပ်ဖော်ပြပွဲမှာ ပါဝင်တဲ့ လူငယ်တက်ကြွလှုပ်ရှားသူ တစ်ယောက်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024