အစ္စရေး-ပါလက်စတိုင်းပဋိပက္ခနဲ့ ပတ်သက်ပြီး အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေကိုရှုတ်ချကြောင်း ပရီးမီးယားလိဂ်က ကြေညာချက်ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ခဲ့တဲ့ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခမှာ နှစ်ဖက်စလုံးက အရပ်သားပြည်သူတွေအများစုထိခိုက်ခံနေရပြီး အကြမ်းဖက် လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပြန်လည်စတင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အသင်းသားတွေနဲ့ အုပ်ချုပ်နည်းပြအဖွဲ့ဝင်တွေက အနက်ရောင်လက်ပတ်ဝတ်ဆင်ကြမှာဖြစ်ပြီး ကွယ်လွန်ခဲ့ရသူတွေအတွက် တစ်မိနစ်ငြိမ်သက်ဆုတောင်းကြမဲ့အစီအစဉ်လည်းရှိပါတယ်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ် အနေနဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်ပြီး ထိခိုက်နစ်နာခဲ့ရသူတွေ၊ သူတို့ရဲ့မိသားစုဝင်တွေနဲ့အတူ ထပ်တူခံစားရကြောင်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အရေးပေါ်လိုအပ်နေတဲ့နေရာတွေအတွက် ကူညီထောက်မံ့မှုတွေလုပ်ဆောင်နိုင်ဖို့ ဗြိတိန်ကြက်ခြေနီအဖွဲကို လှူဒါန်းမယ်လို့လည်း ကြေညာချက်မှာပါဝင်ပါတယ်။
အစ္စရေးအလံ သို့မဟုတ်၊ ပါလက်စတိုင်းအလံ ကိုင်ဆောင်တာမျိုးတွေကိုတော့ ပိတ်ပင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
Photo-Reuters