အမေရိကန်နိုင်ငံမှာ Powerball ပါဝါဘောလ် ထီဆုကြီးရဲ့ ဒုတိယဆုကြေးအများဆုံး ပေါက်မဲနံပါတ်ကို အောက်တိုဘာ ၁၁ ရက်မှာ ကြေညာလိုက်ပါတယ်။
ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆ ဘီလီယံအထိ ရရှိနိုင်မယ့် ထီလက်မှတ်ကို ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ကံထူးရှင်တဦးက ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ကြေညာခဲ့တဲ့ ပေါက်မဲနံပါတ်တွေက ၂၂၊ ၂၄၊ ၄၀၊ ၅၂၊ ၆၄ နဲ့ ၁၀ တို့ ဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကစလို့ အဲ့ဒီထီဆုကြီးအတွက် ကံထူးရှင်ထွက်ပေါ်မှု မရှိခဲ့တာကြောင့် ပါဝါဘောလ် သမိုင်းတလျှောက် ဒုတိယအမြင့်ဆုံး ဆုကြေးပမာဏအထိ မြင့်တက်လာခဲ့ပါတယ်။
လာမယ့် အောက်တိုဘာ ၁၄ ရက်မှာ အသစ်ဖွင့်လှစ်မယ့် ထီဆုကတော့ ဒေါ်လာ သန်း ၂၀ သာ တန်ကြေးရှိတော့မှာ ဖြစ်ပါတယ်။
တရားဝင် ပါဝါဘောလ် ဝက်ဘ်ဆိုက်အရ ထီဆုကြီးပေါက်နိုင်တဲ့ အခွင့်အလမ်းဟာ သန်းပေါင်း ၂၉၂ ဒသမ ၂ သန်းမှာ တပုံသာရှိကြောင်း သိရပါတယ်။
Source/Photo-Reuters