ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန်တိုနေးကို မခေါ်ယူဘဲ အာဆင်နယ်အသင်း ချန်ပီယံမဖြစ်နိုင်ကြောင်း တိုက်စစ်မှူးဟောင်း အီရန်ရိုက်က သုံးသပ်သွားပါတယ်။
အာဆင်နယ်အသင်းဟာ ပွဲစဉ် ၈ အပြီးမှာ ထိပ်ဆုံးက စပါးအသင်းနဲ့ ရမှတ်တူနေပြီး ဒုတိယနေရာမှာရပ်တည်နေတာပါ။
အာဆင်နယ် တိုက်စစ်မှူးတွေဖြစ်တဲ့ ဂျေဇူးနဲ့ အန်ကတ်တီယာတို့ဟာ အဆုံးသတ်ပိုင်းမှာ လုံလောက်မှုမရှိတာကြောင့် ချန်ပီယံဆုနဲ့ ဝေးကွာသွားနိုင်ကြောင်း အီရန်ရိုက်က ပြောပါတယ်။
အာဆင်နယ်အနေနဲ့ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အိုင်ဗန်တိုနေးကို ခေါ်ယူနိုင်မှသာ ချန်ပီယံဖြစ်နိုင်ကြောင်း အီရန်ရိုက်က ပြောပါတယ်။
အင်္ဂလန်တိုက်စစ်မှူး တိုနေးဟာ ပြီးခဲ့တဲ့ရာသီက ဂိုး ၂၀ သွင်းယူနိုင်ခဲ့ပြီး လက်ရှိ အချိန်မှာတော့ ၈ လ ပွဲပယ်ခံထားရလို့ လာမယ့် ဇန်နဝါရီ ၁၆ ရက်မှာ ပြန်လည်ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
Photo-Reuters